7

81 13 12
                                    

လက်ထဲက အသင့်စား ထမင်းဘူးနှစ်ဘူးကို ကြည့်ပြီး Lin ZiHong ပြုံးလိုက်တယ်။ ဒီချိန်ဆို Yang YuTeng အိမ်ရောက်နေလောက်ပြီ။ Yang YuTeng ကို စာပြပေးဖို့ သဘာတူပြီးနောက် တစ်ပတ်ကို သုံးရက် ကျောင်းဆင်းပြီးချိန် သူ့အိမ်မှာ စာလာလုပ်ဖို့ သတ်မှတ်ခဲ့တယ်။ ဒီနေ့ဆို ကောင်လေး သူ့အိမ်မှာ ညဘက်တွေ စာလာလာ လုပ်တာ တစ်လစွန်းစွန်း ဖြစ်နေပြီ။

တစ်ခါတလေ ကျောင်းက အလုပ်တွေကြောင့် အိမ်ပြန်နောက်ကျတဲ့အခါ Yang YuTeng သူ့ဘာသာ ဝင်နေလို့ ရအောင် စီစဉ်ပေးထားတယ်။ သူ့ဘက်က လစ်ဟာမှုကြောင့် ကောင်လေး စာလုပ်ချိန်တွေ မလစ်ဟာစေချင်တဲ့သဘော။ ဒီနေ့က အဲ့လိုနေ့ပဲ။ ‌မပြီးပြတ်တဲ့ အလုပ်ကိစ္စတချို့ကြောင့် သူအိမ်ပြန်နောက်ကျတာကြောင့် ကောင်လေးကတော့ အိမ်မှာ စာကြည့်နေလောက်ပြီ။

ဒီတစ်လကြာ ကာလအတွင်း သူကြည့်ရသလောက်တော့ ကောင်လေးက အဲ့လောက်လည်း စာမညံ့ပါဘူး။ ဒါကြောင့် သူက တလျှောက် သင်ပေးနေရတာမျိုး မဟုတ်ပဲ။ Guide သဘောမျိုးသာ စောင့်ကြည့်ပေးဖြစ်တယ်။

အရင်ကဆို ကောင်လေးကို မြင်တိုင်း မွန်းကြပ်နေတတ်ပေမဲ့ မဖြစ်မနေ ရင်ဆိုင်ပါများပြီး ရင်းနှီးလာတဲ့အခါမှာတော့ အတူရှိနေရင် ပျော်တဲ့ခံစားချက်လေးပါ ရောထွေးလာတယ်။ မှတ်မှတ်ရရ ကောင်လေးက သူ့အိမ်ကို ပထမဦးဆုံး စာလာကြည့်တဲ့နေ့က ကောင်လေးကို ပေးသုံးမဲ့ သူ့ရဲ့ စာကြည့်စားပွဲကို ထရှင်းရသေးတယ်။ ShuYi နဲ့ ပတ်သက်လို့ ၁၈ နှစ်ကြာသိမ်းထားတဲ့ T Shirt အကြားလေး တစ်ထည်ကလွဲလို့ ဓာတ်ပုံတစ်ပုံတောင် မရှိတဲ့ သူ့အတွက် အလွမ်းပြေ ရေးခြစ်ခဲ့တဲ့ ShuYi ရဲ့ ပုံရိပ်တွေကို ကောင်လေး မြင်သွားလို့မှ မဖြစ်ဝာာ။ Yang YuTeng သာ မြင်သွားရင် သူ့ပုံလို့ ထင်သွားလောက်တယ်။

#_#_#_#

"အခုထိလည်း မလာသေးဘူး"

ဗိုက်ဆာနေပြီ ဖြစ်တာကြောင့် ဖုန်းက နာရီကို ကြည့်ရင်း ညည်းညူလိုက်တယ်။ မေမေက ဆရာနဲ့ တူတူစားဖို့ ဖက်ထုပ်လေးတွေ ထည့်ပေးလိုက်တာကို စားချင်‌နေပြီဆိုပေမဲ့ ဆရာက မလာ‌သေးဘူး။ ဆရာ့အိမ်မှာ စာသွားသွား ကြည့်ဖြစ်နေတာကို မေမေက စသိကတည်းက ဆရာ့ကိုလည်း ကျေးဇူးတွေ တင်ပြီး ကျေနပ်နေတာ။ အခကြေးငွေမယူ၊ ဘာမယူ သူ့သားကို ဂရုစိုက်ပေးတာကိုး။ ဆရာ့အိမ်သွားဖို့ တစ်ခါတလေ ပျင်းနေရင်တောင် မေမေက တက်တက်ကြွကြွ တိုက်တွန်းနေတတ်တာမျိုး။

Should I Say That I Love You Again?Where stories live. Discover now