"သူက ဘယ်သူလဲ"
သူ မေမေ့ကို နားမလည်နိုင်စွာ မေးလိုက်တယ်။
"Zhou ShuYi... သား ဦးလေး တော်တယ်... သားနဲ့ အရမ်းတူတယ်မလား... ZiHong နင့်ကို ကပ်နေရတဲ့အကြောင်းအရင်းက အဲ့ဒါပဲ"
ဦးလေး တော်တယ်ဆိုတာနဲ့ သူနဲ့ တူတာနဲ့ ဆရာ သူ့ကို ချစ်တာနဲ့ ဘယ်လိုတွေ ပတ်သက်ပြီး ဘယ်လိုတွေ သက်ဆိုင်နေတာလဲ။ သူ ဘာမှ နားမလည်နိုင်တော့ဘူး။
"ဘာဆိုင်လို့လဲ... ကျွန်တော် နားမလည်တော့ဘူး"
"ZiHong နဲ့ ShuYi က ငယ်ငယ်ထဲက သူငယ်ချင်းတွေ... နောက်ပိုင်း သူတို့ ချစ်နေကြတယ်ဆိုတာတော့... မေမေလည်း အဲ့ဒီနေ့ကျမှ သိတာ"
#_#_#_#
အဲ့ဒီနေ့က သူရော ShuYi ရော နှစ်ယောက်စလုံး ငြိမ်သက်စွာနဲ့ နံရံမှာ မှီပြီး ရပ်နေကြတယ်။ သူတို့ မျက်စိရှေ့က ရုံးခန်းထဲမှာ ကျောင်းဆရာနဲ့ သူ့အမေအပြင် ShuYi ရဲ့ အစ်မ Xinyi ပါ ရှိနေတယ်။
ဆရာက သူ့အမေနဲ့ Xinyi ကို ဘာကိစ္စပြောနေသလဲဆိုတာ သူရော ShuYi ပါ ရိပ်မိပြီးသားပါ။ သူတို့နှစ်ယောက်စလုံး ရင်ဆိုင်ရမဲ့ကိစ္စ သူတို့ စိုးထိတ်နေကြတယ်။
သူ ShuYi ကို လှမ်းကြည့်တော့ မျက်နှာမကောင်းတဲ့ကြားက ပြုံးပြတာကြောင့် သူလည်း ပြန်ပြုံးပြလိုက်တယ်။ တစ်ယောက်ကို တစ်ယောက် အားပေးမိတဲ့ အပြုံးပေါ့။
ဒီပြသာနာက WeiYin တို့က စတာ။
သူနဲ့ ShuYi ကို ကန်စပ်မှာ WeiYin တို့ တွေ့တဲ့နေ့က သူတို့နမ်းနေတာကို တိတ်တိတ် ခေါက်ဖုန်းနဲ့ ဓာတ်ပုံခိုးရိုက်သွားကြတာကို သူတို့နှစ်ယောက်လုံး မသိလိုက်ကြဘူး။
ခေါက်ဖုန်းထဲက ပုံကို ကျောင်းမှာ လျှောက်ပြပြီး လှောင်နေခဲ့ကြတာကို ShuYi ပြန်သိရာက ရန်ဖြစ်ကြတော့ ရန်ပွဲရဲ့ ဇစ်မြစ်ဖြစ်တဲ့ ခေါက်ဖုန်းထဲက ပုံက ဆရာ့ဆီရောက်သွားတယ်။
ယောက်ျားလေးနှစ်ယောက် နမ်းနေတဲ့ပုံကို မနှစ်မြို့တဲ့ဆရာ့အတွက်တော့ WeiYin တို့အပြစ်က ဘေးရောက်သွားပြီး သူနဲ့ ShuYi က အုပ်ထိန်းသူခေါ်ဆွေးနွေးတဲ့အထိ ဖြစ်လာတယ်။ အခု ရုံးခန်းထဲမှာ သူတို့ရဲ့ ဖြစ်တည်မှုကို အပြစ်တစ်ခုလို ပြောနေကြတာ နေမှာပေါ့။
YOU ARE READING
Should I Say That I Love You Again?
Fanfiction‼️မှတ်ချက်။ ။ ဤဇာတ်လမ်းသည် တကယ့်လောကမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုစိတ် မရှိပါ။ စိတ်ကူးယဉ် Fan Fiction တစ်ပုဒ်သာ ဖြစ်သည်။‼️