တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ သူတို့နှစ်ယောက်ရဲ့ အသက်ရှူသံတွေသာ အကျယ်ဆုံး။
ဆရာ့ရဲ့ ရင်ဘတ်ပေါ် မှီနေရင်း သိချင်လာတဲ့ အတွေးတစ်ခုကြောင့် သူစကား စခါ တိတ်ဆိတ်မှာကို ဖြိုခွင်းလိုက်တယ်။
"ဟိုဟာလေ..."
"ဘယ်ဟာလဲ"
"ဆရာ လုံးခြေလိုက်တဲ့ ကျွန်တော့်ရဲ့ ပုံတူ... နှမြောစရာကြီး... သေချာတောင် မကြည့်လိုက်ရဘူး"
ထိုအခါ ဆရာက ပြုံး၍ "ကြည့်ချင်လို့လား" ဟုဆိုကာ ထိုင်နေရာမှ ထသွားသည်။ ပန်းချီဆွဲစာအုပ်နဲ့အတူ ဆိုဖာကို ပြန်ရောက်လာသော ဆရာက သူ့လက်ထဲ စာအုပ်ကို ထိုးပေးသည်။
"လှန်ကြည့်လေ"
သူ စာအုပ်ကို လှန်ကြည့်တော့ လုံးခြေထားတဲ့ပုံကို ပြန်ဖြန့်ထားတာ တွေ့ရတဲ့အပြင် တခြားသော သူ့ပုံတူတွေ အများကြီးကိုလည်း တွေ့ရတာကြောင့် အံ့ဩကြည်နူးမိတယ်။
"အများကြီးပဲ... ဘယ်တုန်းကတည်းက ဆွဲထားဝာာလဲ"
"ကြာပြီ... အရင်ကတည်းက..."
သူ့ကို ပြုံးကြည့်နေတဲ့ဆရာ့ကို မျက်စောင်းလေး ထိုးရင်း
"ကျွန်တော့်ကို ဘယ်တုန်းကတည်းက ကြွေနေတာလဲ"
"ကြာပြီ... ငါ မင်းကို ချစ်တာ တော်ဝောာ်ကြာပြီ"
သူက စနောက်တဲ့သဘော မေးပေမဲ့ ခပ်ဆွေးဆွေးအကြည့်တွေနဲ့ ခံစားချက်အပြည့် ဖြေလာတဲ့ဆရာကြောင့် သူတောင် ဘာဆက်ပြောရမှန်း မသိဖြစ်သွားတယ်။
ဆရာရဲ့ ခပ်ဆွေးဆွေးအကြည့်တွေကို မခံစားနိုင်တော့ဝာာကြောင့် စကားလမ်းကြောင်းပြောင်းဖို့ စဉ်းစားရင်း။
"အော်... ဆရာ့ အင်္ကျီ ပြန်ပေးမယ်နော်... မေမေ ဘယ်မှာ ထားလိုက်လဲ ရှာမတွေ့လို့ မေးပြီး ပြန်ယူလာခဲ့မယ်"
"မပေးပါနဲ့... မင်းပဲ ပြန်ယူလိုက်ပါ"
ပြန်ယူလိုက်ပါဆိုတဲ့စကားကြောင့် သူ အနည်းငယ် ကြောင်သွားတာကြောင့်။
"ဟမ်..."
"အော်... မပေးနဲ့တော့ ရတယ်လို့... ယူထားလိုက်လို့ ပြောတာ"
DU LIEST GERADE
Should I Say That I Love You Again?
Fanfiction‼️မှတ်ချက်။ ။ ဤဇာတ်လမ်းသည် တကယ့်လောကမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုစိတ် မရှိပါ။ စိတ်ကူးယဉ် Fan Fiction တစ်ပုဒ်သာ ဖြစ်သည်။‼️