5

74 13 7
                                    

ဘာလိုလိုနဲ့ အချိန်ကာလတွေ ရွေ့လျားလာတာ စာသင်နှစ်ဝက်ကို ရောက်လာခဲ့ပြီ။ နှစ်နဲ့ချီ တငွေ့ငွေ့ဖြစ်နေခဲ့တဲ့ အလွမ်းတွေက နှစ်ဝက်အတွင်းမှာ ပိုပြင်းထန်လာခဲ့တာ Yang YuTeng ဆိုတဲ့ ကောင်လေးကြောင့် ထင်ပါရဲ့။ ဒါပေမဲ့ Yang YuTeng က အဖြေမဟုတ်တာကိုတော့ သူသိတယ်။ ဒါကြောင့် Yang YuTeng ကို မျက်နှာချင်းဆိုင်ဖို့၊ လိုတာထက် ပိုပတ်သက်ဖို့ အတတ်နိုင်ဆုံး သူ‌ ရှောင်လွှဲခဲ့ပေမဲ့ နောက်ကွယ်ကနေလည်း Yang YuTeng နဲ့ ပတ်သက်သမျှကို သူ တိတ်တိတ်လေး စိတ်ဝင်စားနေခဲ့တယ်။

အခုလည်း သူ့လက်ထဲက Yang YuTeng ရဲ့ နှစ်ဝက်စာမေးပွဲ အမှတ်စာရင်းကို ကြည့်ပြီး တော်တော် စိတ်ညစ်သွား၏။ ဘာလို့ အမှတ်တွေက ဒီလောက် စုတ်ပြတ်‌နေတာလဲ။ ဒီကောင်‌လေး စာမလိုက်နိုင်ဘူးလား။ ထိုအချိန် ရုံးခန်းဝကနေ အားကိုးတကြီး လာအော်ခေါ်တဲ့ ကျောင်းသားတစ်ယောက်ရဲ့ အသံ။

"ဆရာ... ဆရာ... အမြန်လိုက်ကြည့်ပါဦး... ဟိုမှာ ရန်ဖြစ်နေကြတယ်"

နေ့လယ်စာစားချိန်မို့ တခြား ဆရာဆရာမ အများစုက canteen ရောက်နေကြတယ်။ သူကသာ Yang YuTeng  အမှတ်စာရင်း ကြည့်ချင်လို့ နေခဲ့တာဖြစ်တာကြောင့် သူနဲ့ ဆရာမ တစ်ယောက်သာ ရုံးခန်းထဲ ရှိတယ်။

#_#_#_#

"ကျောင်းဆိုတာ မင်းတို့ စာသင်ဖို့... မင်းတို့ လုပ်ချင်တာ‌‌ လုပ်နေဖို့ မဟုတ်ဘူး... ဘယ်သူ စတာဘာညာလည်း မပြောနဲ့... မင်းတို့ ကလေးတွေ မဟုတ်တော့ဘူး... အမှားအမှန်ကို မင်းတို့ ခွဲခြားတတ်တယ်..."

မျက်စိရှေ့ ရပ်နေတဲ့ ရန်ပွဲပါ ကျောင်းသားငါးယောက်လုံး မလှုပ်မယှက်။ ရန်ပွဲက အရမ်းတော့ မကြီးတာပဲ စကားအခန့်မသင့်ကြရာကနေ ဖြစ်ကြတာ‌ကြောင့် Lin ZiHong လည်း ချဲ့မနေတော့ပဲ အကုန်လုံးကို သိမ်းချုံးဆူရုံနဲ့ အပြီးသတ်ပေးလိုက်ဖို့ပဲ တွေးထားတယ်။ တစ်ယောက်မှ အသံထွက်မလာတာကြောင့် ခပ်မာမာ တစ်ခွန်း ထပ်မေးလိုက်တယ်။

"ငါ ပြောတာ နားလည်လား... "

"ဟုတ်ကဲ့ နားလည်ပါတယ်"

အခုမှ ခေါင်းလေးတွေ ညိတ်လို့ ပြန်ဖြေလာကြတယ်။

"မင်းတို့ ဘာမှားတယ်ဆိုတာ ကိုယ်ကိုယ့်ကို နားလည်ကြပြီး နောက်တစ်ခါ ထပ်မဖြစ်ဖို့ ငါမျှော်လင့်တယ်... နောက်တစ်ခါဆို ဒီလောက်နဲ့ ပြီးမှာ မဟုတ်ဘူး"

Should I Say That I Love You Again?Where stories live. Discover now