11

94 14 5
                                    

မျက်စိရှေ့က Xinyi ကို သူလည်း မယုံနိုင်သလို အံ့ဩကြည့်နေတုန်း ‌အနောက် ပေါ်လာတဲ့ Yang YuTeng ရဲ့အသံ။

"ဆရာ..."

သူတို့နားရောက်လာတဲ့ ကောင်လေးကို သူရော Xinyi ရော ပြိုင်တူ ကြည့်လိုက်ကြတယ်။ Xinyi က သူ့ကို ကြည့်လိုက် ကောင်လေးကို ကြည့်လိုက်ဖြင့်။

"ဆရာ ဟုတ်လား..."

"ဟုတ်တယ် မေမေ... ကျွန်တော့်ကို စာပြပေး‌တဲ့ Natural Science ဆရာလေ"

Xinyi က သူ့ကို နာနာကြည်းကြည်း  တစ်ချက်စိုက်ကြည့်ပြီး ကောင်လေးဘက်ကို ပြန်လှည့်သွားတယ်။

"Yang YuTeng... နင် အပေါ်တက်တော့"

ကောင်လေးက နားမလည်သလို ‌ကြောင်ငေးလျက် သူ့ကိုလည်း လှမ်းကြည့်လာတယ်။

"အပေါ်တက်လို့ မေမေ ပြောနေတယ်လေ..."

သူ့အမေအသံ ထပ်မာလာတာကြောင့် တွန့်ခနဲ ဖြစ်သွားတဲ့ ကောင်လေးက တွန့်ဆုတ် တွန့်ဆုတ်နဲ့ အိမ်ပေါ်တက်ကို တက်သွားတယ်။ သူကတော့ အခုအခြေအနေတွေကို ထူပူနေပြီး ကောင်လေးကို လိုက်ငေးနေမိတယ်။

"နင် ငါ့သားကို အဲ့လိုအကြည့်တွေနဲ့ မကြည့်နဲ့"

ပြောပြောဆိုဆိုနဲ့ ရင်ဘတ်ကို ဆောင့်တွန်းခံလိုက်ရမှ သူအသိပြန်ဝင်လာပြီး Xinyi ဆီ အာရုံပြန်ရောက်လာတယ်။ Xinyi က မျက်ရည်တွေနဲ့ သူ့ကို နားနားကြည်းကြည်း ကြည့်နေတုန်း။ ဒီအကြည့်တွေအတွက် သူ စောဒက မတက်လိုပါ။ Xinyi အနေနဲ့တော့ သူ့ကို ဒီလိုပဲ ကြည့်မှာပဲ။‌

Xinyi တွန်းထုတ်လို့ သူရော Xinyi ပါ အိမ်အပြင်ရောက်နေပြီ။ အိမ်အောက်ကနေ လှမ်းမြင်ရတဲ့ အပေါ်ထပ် ပြုတင်းပေါက်ကို လှမ်းကြည့်မိတယ်။ ကောင်လေးက သူတို့ကို ချောင်းကြည့်နေတယ်။

"နင် ဘာတွေ ကြံနေတာလဲ Lin ZiHong... ဘာလို့ ငါ့သားကို နင့်အိမ်ခေါ်တာလဲ"

Xinyi က သူ့ကို စွပ်စွဲနေပြီ။ သူ Yang YuTeng ကို အိမ်ခေါ် စာပြခဲ့တာ ရိုးရိုးသားသားပဲ။ ကောင်လေးကို အမှတ်ကောင်းစေချင်တဲ့ စိတ်သီးသန့်ပဲ။ ကောင်လေးနဲ့ ပတ်သက်ပြီး စိတ်တွေ မူမမှန်ဖြစ်ခဲ့တာတောင် သူ့ကိုယ်သူ အတင်းထိန်းချုပ်ခဲ့တာ သူအသိဆုံးပဲ။

Should I Say That I Love You Again?Место, где живут истории. Откройте их для себя