စာကြည့်စားပွဲမှာ ထိုင်ရင်း စာကြည့်နေတာလည်း နာရီဝက်လောက် ရှိပြီဆိုတော့ အညောင်းပြေ ဖုန်းလေး ခဏကောက်ကိုင်လိုက်ဦးမှ။ Social Media ပေါ်က သူငယ်ချင်းတွေရဲ့ chat group ထဲက conversation တွေ ပွတ်ကြည့်ရင်း။မဆီမဆိုင် ခေါင်းထဲ ရုတ်တရက် ဝင်လာတာက စတိုးဆိုင်ရှေ့မှာ လဲကျနေတဲ့ ဆရာ။ တဆက်တည်း ထပ်တွေးမိတာက ထူပေးဖို့ သူကမ်းတဲ့ လက်ကို အဖက်မလုပ်သွားတာပဲ။ ကမ်းပေးမိတဲ့ သူ့လက်ဝါးကို သူ ဖြန့်ကြည့်ရင်း "ဘာဖြစ်လို့လဲ" လို့ တွေးနေမိတယ်။
"သားလေးရေ... YuTeng... မေမေ့ရဲ့ YuTeng လေး... မေမေပြန်ရောက်ပြီ"
အောက်ထပ်က မေမေ့အသံကို ကြားလိုက်တာနဲ့ Yang YuTeng မျက်နှာ ပျက်သွားတယ်။ ဒီအသံဟာ ပုံမှန် မဟုတ်ဘူးဆိုတာ သူသိတယ်။ မေမေမူးလာပြီ။ သူ ခပ်ငယ်ငယ် အဖေနဲ့ ကွဲကတည်းက ဒီမြို့ကို ပြန်အခြေချပြီ သူ့ကို အရွယ်ထိ ပျိုးထောင်ခဲ့တဲ့ မေမေက တာဝန်ကျေလွန်းတဲ့ အမေတစ်ယောက်ပါ။ သူကတော့ ဒီမြို့မှာ မွေးတာ မဟုတ်ခဲ့ပေမဲ့ မေမေကတော့ ဒီမြို့သူ။ ဒီမြို့မှာ ပင်မင်းဆိုင်လေး ဖွင့်ထားတဲ့ မေမေက အပေါင်းအသင်းတော့ များတယ်။ တစ်ခါတလေလည်း ဒီနေ့လို သောက်လာတတ်တယ်။
၁၈ နှစ်အရွယ် သားတစ်ယောက် ရှိပေမဲ့ အသက် ၄၀ လောက်သာ ရှိသေးတဲ့ ခေတ်မီတဲ့မေမေ သောက်တာက ပြသာနာ မဟုတ်ပေမဲ့ မူးလာရင် မေမေ ငိုတတ်တာက ပြသာနာ။ အမြဲတမ်း ပျော်ပျော်နေတတ်ပြီး သန်မာတဲ့ မေမေက မူးလာရင် ပြိုလဲတတ်တော့တာပဲ။ တစ်ဘဝလုံးရဲ့ စိတ်ဒဏ်ရာ အတိုးချ ကြေကွဲနေသလိုမျိုး။ မေမေ့ရဲ့ အပျော့ဆုံး ပုံစံနဲ့ မျက်ရည်တွေကို Yang YuTeng က မမြင်ချင်တာ။
အခုလည်း ခေါ်နေပြန်ပြီ။ သေချာတော့ သူ့ကို အနားခေါ်ထားပြီး ဖက်ငိုတော့မယ်။ ဒီအခိုက်အတန့်ကို သူမကြိုက်ပေမဲ့၊ မေမေ့မျက်ရည်တွေကို မြင်ရတာ သူမုန်းပေမဲ့ မေမေ့နားမှာ သူနေပေးဦးမှာပါ။
#_#_#_#_#
"မင်း ဒီမှာ ဘာလုပ်နေတာလဲ"
သူ့ အသံကြားတာနဲ့ ငုတ်တုတ်ထိုင်နေရာကနေ ကမန်းကတမ်း ထထိုင်ကာ လက်ထဲက ဆေးလိပ်ကို လက်နောက်ပစ်ပြီး ဖွက်လိုက်တာကို သူ မြင်ဖြစ်အောင် မြင်လိုက်သေးတယ်။
YOU ARE READING
Should I Say That I Love You Again?
Fanfiction‼️မှတ်ချက်။ ။ ဤဇာတ်လမ်းသည် တကယ့်လောကမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုစိတ် မရှိပါ။ စိတ်ကူးယဉ် Fan Fiction တစ်ပုဒ်သာ ဖြစ်သည်။‼️