8

74 12 4
                                    

‌ရုတ်တရက် တုန်ခါလာတဲ့ ဖုန်း vibrate အသံကြောင့် ဝင်လာတဲ့ Massage ကို ကောက်ဖတ်မိတယ်။ မေမေ ပို့တဲ့ Massage။

"မေမေ ပြန်ရောက်နေပြီ သားရေ"

ဒီစာက သူ့ကို ညစာတူတူ စားဖို့ ခေါ်နေမှန်း သူသိတယ်။ အချိန်ကို ကြည့်တော့လည်း ၇ နာရီ ထိုးနေပြီ။

"Li Jie... ငါ ဒီတစ်ပွဲပြီးရင် တော်ပြီနော်"

Li Jie က ကွန်ပြူတာ မျက်နှာပြင်က မျက်နှာ မခွာပဲ သူ့ကို ခေါင်းညိတ်ပြတယ်။ ဒီနေ့က ကျောင်းပိတ်ရက်ရော ဆရာ့ဆီ သွားစရာ မလိုတဲ့ နေ့ရော ဖြစ်တာကြောင့် ညနေက‌တည်းက Li Jie တို့နဲ့ အင်တာနက်ဆိုင်လာပြီး ဂိမ်းဆော့နေတာ။ ဆော့လက်စ တစ်ပွဲပြီးရင်တော့ ပြန်မှ ဖြစ်တော့မယ်။

#_#_#_#

ခြံတံခါးရှေ့တည့်တည့်မှာ ငြိမ်သက်စွာ ရပ်နေပေမဲ့ တံခါးဖွင့်ဖို့ သူသတိမကပ်ဘူး။ သူ့အသိတွေ ရီဝေနေတယယ်။ ဒဏ်ရာဟောင်းတွေ၊ အလွမ်းတွေကို ပိုပြီး နိုးကြွလာစေတတ်တဲ့ ယမကာကို အများအားဖြင့် သူရှောင်တယ်။ မူးလာရင် လွမ်းလာတတ်တာကြီးကို မခံစားနိုင်လွန်းလို့။

ဒါပေမဲ့ လူမှုပတ်ဝန်းကျင်မှာ မလွှဲသာ မရှောင်သာ တစ်ခါတလေ သောက်ရပြန်တော့လည်း သူက အရှိန်ရသွားတတ်တယ်။ အခုလည်း သူ မူးနေပြီ။ စိတ်တွေက အတိတ်ကို ရောက်ပြီး အလွမ်းတွေက နှလုံးသားကို ထိုးနှက်နေပြီ။

"ငါနဲ့ လိုက်ခဲ့မယ်မလား..."

ကြားယောင်လာပြန်တဲ့ ဒီစကား။

ဒီစကားကို သူမဖြေခဲ့ဘူး။ အတိတ်ကိုသာ ပြင်လို့ရမယ်ဆိုရင် ဒီစကားကို သူဖြေချင်တယ်။ ShuYi ကို ပြန်ရမယ်ဆိုရင် လိုက်မယ်လို့ သူပြောချင်တယ်။ ဒါပေမဲ့ ဘယ်အရာကိုမှ သူပြင်မရတော့ဘူး။

#_#_#_#

သူ့ရဲ့ အိမ်ပြန်လမ်းက အမြဲတမ်း ဆရာ့အိမ်ကို အမြဲတမ်း ဖြတ်ရတယ်။ ဒါကြောင့် ဘယ်က အပြန်ပဲ ဖြစ်ဖြစ် ဆရာ့အိမ်ကို အမြဲလှည့်ကြည့်မိတာ ဘယ်ရယ် မဟုတ်ပဲ အကျင့်တော့ ဖြစ်နေပြီ။

အခုတော့ အိမ်ရှေ့ ‌ငေါင်ငေါင်ကြီး ရပ်နေတဲ့ဘဆရာကြောင့် စက်ဘီးကို ရုတ်တရက် ရပ်လိုက်ရပြီ။

Should I Say That I Love You Again?Where stories live. Discover now