လှဂုဏ်ဘွဲ့ထူးအံ့ချီး၍မကုန်(Z+U)

4.9K 174 14
                                    

(Zawgyi)

မြေကန်သင်းရိုးလေး၏ ဘေးတဖက်မှ ဖြတ်သန်းသွားသော နွားလှည်းကလေးကြောင့် နွေးထွေးစွာဖြန့်ကျက်နေတဲ့ နေရောင်တို့ရဲ့အောက်၌ ဖုန်တလုံးလုံးဖြင့် ကျန်နေခဲ့ရစ်သည်။
စီတန်းကာ မောင်းနှင်လို့လာတဲ့ နွားလှည်းတန်းလေးကိုတွေ့တော့ ကန်သင်းရိုးရဲ့ တဖက်က ယာကွင်းပြင်မှာ ထဘီတိုတိုဖြင့် တေးသီဆိုရင်း ကောက်စိုက်လို့နေတဲ့ ကောက်စိုက်သမလေးတွေက လုပ်ကိုင်လက်စအလုပ်တို့ကို ရပ်တန့်လျှက် ထိုနွားလှည်းလေးပေါ်က အမျိုးသမီးငယ်ကို လှမ်းကာငေးမောကြလေ၏။

မျက်နှာချေမှုန့်ကို ခပ်ပါးပါးလိမ်းကျံလျှက် ရဲရဲနီပြီးပတ္တမြားရောင်အသွေးသဖွယ် နှုတ်ခမ်းအစုံဖြင့် လှည်းပေါ်မှာ ထီးကိုဆောင်းလျှက် အခန့်သားလိုက်ပါလာတဲ့ ထိုအမျိုးသမီးက မြင်ရသူတိုင်း မှင်သက်သက်သွားလောက်အောင်ကို လှပါပေတယ်။

"အရှေ့ကလှည်းမောင်းတဲ့မောင်ရင်ရေ တဆိတ်လောက်ကွဲ့"

"ဘာအလိုရှိလို့များလဲ မြို့ဝန်မင်း"

"ဘေးပတ်လည်က ထန်းတောကြီးဟာ ရင်သပ်စရာပဲ ရောက်တုန်းကြုံခိုက်မှာ ဒီဒေသကထွက်တဲ့ထန်းရည်ကို မြည်းစမ်းကြည့်ချင်သပကွယ်"

"မြို့ဝန်မင်း သောက်ချင်ပါရဲ့ဆိုလျှင် ရွာအတွင်းကိုရောက်ပါက ကျွန်တော်ကိုယ်တိုင် ထန်းတက်ပြီး ထန်ရည်ချိုယူခဲ့ပေးပါ့မယ်"

"အိမ်း...သောက်ရချေသေးရဲ့"

ဘေးပတ်လည်မှာ ဝိုင်းရံနေတဲ့ ထန်းတောကြီးကို ကြည့်လျှက် ရှေ့လှည်းဆီမှ အဘနှင့်လှည်းသမားတို့ရဲ့ စကားကိုသာ နားစွင့်နေမိတယ်။ထန်းတောကြီးကို ကြည့်ရင်းဖြင့်ပင် ကွမ်းတယာညှက်အကွာကို ရောက်လေတော့ ရွာအဝင်ကို ရောက်လာခဲ့လေ၏။ရွာအဝင်လမ်းမကြီးကား လွမ်းမောဖွယ်ရာကောင်းပါပေ့ အုံ့ဆိုင်းနေတဲ့ တမာပင်ကြီးတွေနဲ့အတူ ကျို့တို့ကွက်ကျား ပေါက်ရောက်နေတဲ့ အပွင့်နီနီဖြင့် လက်ပံပင်တို့ဟာလည်း ရဲရဲနီကာအစွမ်းကုန်ပွင့်လျှက် လှပနေကြသည်။
လေအဝှေ့၌ ဝဲပျံကြလျှက် မြေခရရှာတဲ့ လက်ပံပွင့်တို့ဟာလည်း မြေပေါ်မှာရောက်နေသည့်တိုင်လှပလို့နေဆဲ။

နှင်းဆီအားနိဒါန်းသွယ်လို့ဘယ်ပုံညှာချိုးပါလိမ့်(ဒေဝီခင်)Tempat cerita menjadi hidup. Temukan sekarang