Part ~ 1

35.3K 1.9K 177
                                    

zawgyi

" ကျွန်တော်တို့က လုပ်ငန်းအတွေ့အကြုံရှိတဲ့ ၀န်ထမ်းမျိုးကို လိုချင်တာပါ.. အားနာပါတယ်.. Taehyung ssi.."

လာပြန်ပြီ... အတွေ့အကြုံဆိုတာကြီး...။

" ကျွန်တော်တို့က မိန်းကလေး ၀န်ထမ်းလိုချင်တာပါ.."

လုပ်ရည်ကိုင်ရည်က အဓိက မဟုတ်ဘူးလား??..
ဘာလို့ ကျား/မ ခွဲနေတာလဲ..။

" အားနာပါတယ်.. ကျွန်တော်တို့ ရှာဖွေနေတဲ့ အရည်အချင်းနဲ့ မကိုက်ညီပါဘူး..."

CV formပေါ်က ဘွဲ့ဒီဂရီနဲ့ပဲ အဖိုးဖြတ်ခံလိုက်ရတဲ့ အခြေအနေတွေ ။

" အတွေ့အကြုံရှိတဲ့ ၀န်ထမ်းမျိုးကိုပဲ လိုချင်လို့ပါ.."

အတွေ့အကြုံရှိတဲ့ ၀န်ထမ်းတိုင်းကလည်း တစ်ကနေပဲ စရတာပဲလေ ။
အခွင့်အရေး မပေးဘဲနဲ့ ဘယ်လိုလုပ် လုပ်ငန်းအတွေ့အကြုံကို ယူနိုင်ပါ့မလဲ..။

" အားနာပါတယ်.. Kim Taehyung ssi..."

အလုပ်Interviewအတွက် အနောက်တိုင်း ၀တ်စုံပြည့်ကို ၀တ်ဆင်ထားသည့် ကောင်လေးတစ်ယောက် ။

ကျောပိုးအိတ်ကိုလွယ်ကာ ဟန်မြစ်တံတားပေါ်၌ ခြေဦးတည့်ရာ လျှောက်လှမ်းနေမိသည် ။

ညမှောင်ရီပျိုးပြီဖြစ်၍ ဟန်မြစ်တံတားပေါ်မှာ လမ်းမီးများက ထွန်းညှိထားသည်မှာ ထိန်ထိန်ညီးနေသည် ။

အနည်းငယ် ပွယောင်းယောင်း ဆံနွယ်တွေကလည်း တိုက်ခတ်နေသည့် လေကြမ်းအောက်မှာ တလွှင့်လွှင့် ။

သူ ဟန်မြစ်တံတား၏လက်ရန်းပေါ်သို့ လက်လေးတင်လိုက်ကာ စိတ်ညစ်ညူးစွာနှင့် ကျောပိုးအိတ်ထဲကနေ Beerတစ်ဘူးကိုထုတ်ရင်း မော့သောက်မိလိုက်လျှင် ခါးသက်သက်အရသာက လည်ချောင်းထဲကို ပူခနဲ ဆင်းသွားသည် ။

" အား... စိတ်ညစ်လိုက်တာ....ဟူး~... အခုလက်ရှိ ငါ့အသက်က 26ဖြစ်နေပြီ.. ဒီပုံနဲ့ဆို တစ်သက်လုံး အလုပ်လက်မဲ့ဘ၀နဲ့ နေရဖို့ 80ရာခိုင်နှုန်းလောက်က သေချာနေပြီ..."

Beerတစ်ဘူး ကုန်စင်သွားလျှင် အခွံကိုလုံးချေလိုက်ကာ ပတ်ဝန်းကျင်မှာ အမှိုက်ပုံး မရှိသောကြောင့် ကျောပိုးအိတ်ထဲကိုသာ အခွံပြန်ထည့်လိုက်သည် ။

DEAR BOSS (Complete)Where stories live. Discover now