Part ~ 11

12.1K 1.4K 111
                                    

zawgyi

ဇွန်းသံ၊ ခက်ရင်းသံများသာ ပေါ်ထွက်နေသည့် ထမင်းစားပွဲဝိုင်း ။

ဆိတ်ငြိမ်စွာ စားသောက်နေကြသည့် ထမင်းဝိုင်းမှာ Appaက စားလက်စကို လက်စသပ်လိုက်ကာ လက်ကိုင်ပုဝါနှင့် နှုတ်ခမ်းထောင့်စွန်းကို သုတ်လျှင် Jungkookတို့ အကုန်လုံးလည်း စားလက်စကို ရပ်လိုက်ရသည် ။

" ငါ မနက်ဖြန်ဆို အမေရိကမှာ အနားသွားယူတော့မှာ.. ငါ မရှိခင် အချိန်အတောအတွင်းမှာလည်း မိသားစု ထမင်းဝိုင်းကို မပျက်ကွက်စေကြနဲ့.. အားလုံးကို စိတ်ချခဲ့မယ်..."

Appaကို လာရောက်ဖေးမပေးသည့် Appa၏အတွင်းရေးမှူး ။

Appaက ဒုတိယထပ်ရှိ သူ့အခန်းဆီသို့ တက်သွားပြီဆိုမှ Ommaက Jungkookကို စူးရဲစွာ ကြည့်လာသည် ။

" နင့်Appaမပြန်မလာမချင်း နင် ဒီအိမ်အရိပ်ကို နင်းစရာ မလိုဘူး... နားလည်တယ်မလား..."

" Nae... Omma..."

Omma၏စကားက သူ့အတွက်တော့ အခုထိ မရိုးနိုင်သေးဘဲ နာကျင်နေရဆဲ ။

" နင့်မျက်နှာကို မကြည့်ချင်တော့လို့ မြန်မြန်ကြွတော့.."

" ဒီအတောအတွင်း ကျန်းမာရေး ဂရုစိုက်ပါ.."

" နင့်ကို မမြင်ရရင် ငါ့ကျန်းမာရေးက ပိုတောင်ကောင်းနေဦးမှာ..."

" Ommaကလည်း ညီလေးကို..."

Jaewon Hyungက သူ့ဘက်ကနေ မျက်နှာစိပျက် မျက်နှာပျက်နှင့် ၀င်ဟန့်သော်လည်း Jungmin Hyungကတော့ သူနှင့်မဆိုင်သလို အစားအသောက်ကို ဆက်လက်စားသောက်နေသည် ။

" ဒါဆို... ကျွန်တော့်ကို ခွင့်ပြုပါဦး... Omma.."

Jungkook မျက်နှာထက် အပြုံးတစ်ပွင့်သာ ဆင်မြန်းကာ ထမင်းစားခန်းထဲကနေ ထထွက်ခွာခဲ့သည် ။

" Jungkook...."

သူ ကားပေါ်ပြန်မတက်ခင် အိမ်ထဲကနေ အပြေးတစ်ပိုင်း လိုက်ထွက်လာသည့် Jaewon Hyung ။

" Ommaအစား Hyungကပဲ တောင်းပန်တယ်.. စိတ်ထဲမထားနဲ့.."

" ကျွန်တော့်အတွက် အထူးအဆန်း မဟုတ်တော့လို့ စိတ်မပူပါနဲ့ Hyung.. Ommaအတွက် ကျွန်တော်က အဲ့လိုဖြစ်တည်မှုမျိုးပဲ ဖြစ်နေခဲ့တာကို ကျွန်တော် နားလည်ပါတယ်..."

DEAR BOSS (Complete)Where stories live. Discover now