Part ~ 5

13.4K 1.4K 84
                                    

zawgyi

နားနေခန်းမှာ ကော်ဖီဖျော်နေသော Kim Taehyung ။

" ကော်ဖီသောက်မလို့လား... Taehyung ssi.."

နားနေခန်းအတွင်းသို့ ၀င်လာသော Jimin Sunbaeကြောင့် Taehyung ကော်ဖီဖျော်တာကို လက်စသတ်ရင်း ပြန်ဖြေလိုက်သည် ။

" Bossအတွက်ပါ Sunbae.. ကျွန်တော်က ကော်ဖီမသောက်တတ်ဘူးရယ်.. Sunbaeအတွက်ရော ဖျော်ပေးရမလား..."

" ရတယ်.. Bossကိုပဲ သွားပို့ပေးလိုက်ပါ.. ကော်ဖီက အေးသွားရင် မကောင်းဘူး.."

" Nae... ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး..."

Taehyungတစ်ယောက် ဒီကော်ဖီခွက်ကို စေတနာအပြည့်နှင့် ဖျော်ခဲ့တာဖြစ်သည် ။

Boss၏စိတ်ရင်းကို သိပြီးနောက်ပိုင်း Bossအပေါ်မှာ သစ္စာခံဝန်ထမ်းကောင်း ဖြစ်ဖို့ရန်အတွက် သူ့စိတ်ဆန္ဒများ ပြင်းပြလာခဲ့သည် ။

" Bossအတွက် ကော်ဖီလာပို့တာပါ..."

" အော.. အထဲဝင်သွားလို့ရတယ်..."

Bossက စီမံရေးရာဌာနက အလုပ်သင်ကောင်လေး ရောက်လာလျှင် ရုံးခန်းထဲလွှတ်လိုက်ဖို့အတွက် မှာကြားခဲ့ပြီးသားဖြစ်သည် ။

" Boss.. ကော်ဖီ..."

Taehyung ရုံးခန်းထဲသို့ ၀င်ခဲ့လျှင် Bossက မျက်လွှာပင့်ကြည့်သည် ။

" အင်း.. ကျေးဇူး..."

" အာ.. မဟုတ်တာ.. ကျွန်တော်ကမှ Bossကို ကျေးဇူးတင်ရမှာ.. ပြီးတော့ ဒီSuitကို ကျွန်တော် သေချာပြန်လျှော်ဖွတ်ပြီးမှ ပြန်ပေးပါမယ်.."

" အင်း.."

Bossက စာရွက်စာတမ်းများနှင့် အလုပ်ရှုပ်နေဟန်ကြောင့် Taehyungမှာ ကော်ဖီချပေးပြီး ဆက်ရပ်နေရမလို ထွက်ပဲသွားရမလို နေရာမရ ဖြစ်သွားသည် ။

" Canteenက အစားအသောက်က ဘယ်လိုနေလဲ.. "

" Nae!??.. အာ.. စားကောင်းပါတယ်.. Boss.."

" ဟုတ်လား.. ငါ မစားဖူးသေးဘူးပဲ.. နေ့လယ်ကျရင် Canteenမှာ စားကြည့်ဦးမယ်.. မင်းက အဖော်လာလုပ်ပေး.."

" Nae... Boss..."

Jeon Jungkookက Company Canteenကို တစ်ခါမျှ မထိုင်ဖူးသေးပေ ။
သူ့ကြောင့် ၀န်ထမ်းများက အနေကြပ်မည်စိုး၍ အပြင်မှာ စားရင်စား ဒါမှမဟုတ် အတွင်းရေးမှူးဖြစ်သည့် Minsooကို နေ့လယ်စာ စီစဉ်ခိုင်းသည် ။

DEAR BOSS (Complete)Where stories live. Discover now