zawgyi
" မလိုက်ချင်ဘူး... အီး... မလိုက်ချင်ဘူး... အီး... "
အသက် 7နှစ်အရွယ် ကောင်လေးတစ်ယောက်ကို အနောက်တိုင်း ၀တ်စုံပြည့် ၀တ်ဆင်ထားသည့် လူကြီးနှစ်ဦးက ထိုးဆိုက်ထားသည့် ကားနက်ကြီးထဲ အတင်းချီပိုးထည့်သည် ။
" Kookie ah!!... Kookie!!... အင့်... အဲ့လို မလုပ်ပါနဲ့.. သူဌေးJeon..."
ပိတ်ကာလိုက်သည့် ကားမှန်ကို ဖြူနုနေသည့် လက်သီးဆုပ်နှင့် ထုရိုက်ရင်း မျက်ရည်ရွှဲလဲနှင့် အသနားခံနေသည့် Yoonhee ။
ကားရှေ့ခန်းမှာ ထိုင်နေသည့် သူဌေးJeonက အေးစက်စွာသာ အာရုံထဲ မထည့်ဘဲ driverကို ကားမောင်းထွက်ရန် အချက်ပြလိုက်သည် ။
" Kookie!!.... "
မောင်းထွက်သွားသည့် ကားအနောက်ကို အပြေးတပိုင်း လိုက်လာသည့် Yoonheeက နာကျင်စွာ ရှိုက်ငိုနေသည် ။
ကားအနောက်ခန်းကနေ လှမ်းမြင်နေရသည့် ထိုမြင်ကွင်းကြောင့် ကားထဲက ကောင်လေးကလည်း မှန်တို့ကို လက်သီးဆုပ်သေးသေးလေးနှင့် ထုရိုက်ရင်း အသည်းအသန် ငိုရှိုက်နေခဲ့ရသည် ။
" အင်းမ်..."
ချွေးစေးများနှင့် နိုးထလာရသည့် Jeon Jungkook ။
အိပ်မက်က တကယ်လို ခံစားနေရဆဲဖြစ်၍ မျက်ဝန်းထောင့်စွန်းကနေ မျက်ရည်စတို့က ပေါက်ခနဲ လှိမ့်ဆင်းလာသည် ။
အိပ်ရာထက်ကနေ ထထိုင်လိုက်ရင်း ဖုန်းScreenထက်က အချိန်ကို စစ်ဆေးမိတော့ 5:40AM ။
မီးဖိုချောင်ထဲသို့ဝင် ရေခဲသေတ္တာထဲကနေ ရေသန့်ဘူးယူကာ သောက်ပြီးမှ မနက်ပိုင်းအစော၌ပင် Gymကစားရင်း အချိန်တို့ကို ကုန်ဆုံးစေလိုက်သည် ။
" တင်လ်.... တောင်..."
ပြီးနောက် ရေမိုးချိုး အ၀တ်အစားများ လဲပြီးသည်နှင့် ထုံးစံအတိုင်း ရောက်နေကျ အခန်းလေးရှေ့မှာ ခြေစုံရပ်ရင်း လူခေါ်ဘဲလ်ကို နှိပ်လိုက်သည် ။
အချိန်သိပ်မကြာ ပွင့်ဟလာသော တံခါးနှင့်အတူ ခေါင်းလေး ပြူထွက်လာသည့် သူ့အဖိုးတန်လေး ။
" Morning... Bae..."
" Morning Boss..."
သူ့အဖိုးတန်လေးအတွက် မနက်စာ ပြင်ဆင်ပေးပြီး အတူတူ စားသောက်ပြီးမှ Companyသို့ ထွက်လာခဲ့သည် ။
YOU ARE READING
DEAR BOSS (Complete)
FanfictionKim Taehyung × Jeon Jungkook Sweet romance, comedy, funny Taekook makes me happy. Start date ~ 2.2.2022 (Wed) End date ~ 22.3.2022 (Tue)