zawgyi
မှန်သားဖြင့် ကာရံထားသည့် ရတနာ အရောင်းပြခန်းကို အပြင်ဘက်ကနေ စိုက်ကြည့်နေသည့် Kim Taehyung ။
အတွဲတစ်ချို့က လက်စွပ် ရွေးချယ်နေကြသလို မိန်းကလေးတစ်ချို့ကလည်း အဆင်တန်ဆာများ ကြည့်ရှုနေကြသည်ကို အရောင်းဝန်ထမ်းမလေးများက စိတ်ရှည်လက်ရှည် ရှင်းပြနေကြသည် ။
" အားရှ်... ငါ့လခနဲ့ စိန်လက်စွပ်ကလည်း မ၀ယ်နိုင်သေးဘူး.."
Taehyung ကုတ်အင်္ကျီထဲကနေ ပိုက်ဆံအိတ်ကိုထုတ်ကာ ငွေသားတစ်ချို့နှင့် အကြွေးဝယ်ကတ်တို့ကို စစ်ဆေးလိုက်သည် ။
" ထားပါ.. စိန်လက်စွပ် ၀ယ်နိုင်ရင်တောင် မင်္ဂလာဧည့်ခံပွဲလုပ်ဖို့ စရိတ်စကတွေက ရှိသေးတယ်.. ဘယ်တတ်နိုင်မလဲ.. အဲ့ဒီ့ ကိလေသာ ကင်းစင်တဲ့ Bossနည်းတူ ငါလည်း ကျင့်သုံးရတော့မှာပေါ့..."
ရတနာ အရောင်းပြခန်းရှေ့ကနေ သက်ပြင်းတချချနှင့် လှည့်ထွက်ခဲ့ရသည့် Kim Taehyung ။
Bus carကို စီးတော့လည်း ကဲသဲနေကြသည့် အတွဲများကို မြင်နေရသည်မှာ အဆင်မပြေ ။
Bossက အရေးတကြီး ကိစ္စ ဖြစ်မည်ထင် ဖုန်းဝင်လာခဲ့၍ ဒီနေ့ကို Taehyungနှင့်အတူ အိမ်မပြန်နိုင်သောကြောင့် Taehyungတစ်ယောက်တည်း လေလွှင့်နေခြင်း ဖြစ်သည် ။
အိမ်ကို ပြန်ရောက်လျှင် အ၀တ်အစားလဲပြီး အိမ်သိမ်းရသည် ။
အ၀တ်များကို အ၀တ်လျှော်စက်ထဲထည့်ကာ ဧည့်ခန်းကိုလည်း ရှင်းရသည် ။
ပြီးမှ Paတို့ကို ဖုန်းဆက်ပြီး သူ့စိတ်တို့ တည်ငြိမ်စေရန်အတွက် 'Ugh'သီချင်းဖြင့် တရားထိုင်သည် ။
ဒါနဲ့.. Bossက ငါတို့ မင်္ဂလာဆောင်ခဲ့ရင်တောင် ငါ့ကို မင်္ဂလာဦးညမှာ အလှထိုင်ကြည့်မနေလောက်ပါဘူးနော်...။
" အားရှ်... "
Taehyung စိတ်ညစ်ညူးသလို ခန္ဓာကိုယ် တွန့်လှိမ်ပြီးသွားမှ ဒီနေ့ Bossတွင် ပေါ်လာခဲ့သည့် အရေးကြီးကိစ္စအကြောင်း အတွေးရောက်သွားရသည် ။
" တော်တော်တော့ အရေးကြီးပုံပဲ.. အစည်းအဝေးတောင် ဖျက်ရတယ် ဆိုတော့.. ဒါနဲ့.. ဘာကိစ္စပါလိမ့်..."
.
.
.
YOU ARE READING
DEAR BOSS (Complete)
FanfictionKim Taehyung × Jeon Jungkook Sweet romance, comedy, funny Taekook makes me happy. Start date ~ 2.2.2022 (Wed) End date ~ 22.3.2022 (Tue)