Part ~ 10

12.4K 1.4K 133
                                    

zawgyi

" မင်းရဲ့ခြေညှိုးက ခြေမထက် ရှည်တာပဲ.. အဲ့ဒါက လက်တွဲဖော်ကို နိုင်တယ်တဲ့..
ဒီလိုဆိုတော့.. မင်း ငါ့ကို နိုင်တော့မှာပဲ..."

ဒီလိုဆိုတော့.. မင်း ငါ့ကို နိုင်တော့မှာပဲ...
ဒီလိုဆိုတော့.. မင်း ငါ့ကို နိုင်တော့မှာပဲ...

အထပ်ထပ်အခါခါ ကြားယောင်မိနေသည့် Boss၏စကားသံကြောင့် Taehyung လုံခြုံရေးခါးပတ်ကြိုးကို တင်းတင်းဆုပ်ကိုင်ထားရသည် ။

ဘာကြီးလဲ.. ဘာကြီးလဲ!
ဒါက နည်းနည်း မရိုးမသား စကားကြီး မဟုတ်ဘူးလား!
အီစီကလီ??..
Bossက မဟုတ်မှ ငါနဲ့အီစီကလီ လုပ်ချင်တာလား!?
အာ.. မဟုတ်သေးပါဘူး..
ဒါမှမဟုတ် ဒီအတိုင်း ငါ့ကို ကျီစယ်ရုံသက်သက်လား!?

'လား'ပေါင်းများစွာနှင့် သူ ဂယက်ရိုက်နေသလောက် Bossကတော့ အေးအေးလူလူပင် ကားမောင်းလျက် ရှိနေကာ တစ်ချက်တစ်ချက် သူ့ဘက်ကိုကြည့်ရင်း ပြုံးပြနေသေးသည် ။

Taehyungကတော့ ပါးပြင်ထက် စတော်ဘယ်ရီသီးဖြစ်နေကာ သွားလေးစိပြီး ပြန်ပြုံးပြသည့်အခါ fake smileမှန်း သိသိသာသာ ။

5 star Hotelတစ်ခု၌ ကျင်းပသော Lee Hanbin၏ပွဲ ။

Hanbinက Jungkookမလာမချင်း အချိန်အပိုင်းအခြား ဆိုသလို ဖုန်းခဏခဏ ဆက်နေကာ အခုလည်း Hotelရှေ့မှာ Jungkookကားရပ်ရုံပဲ ရှိသေးသည် ။
Hanbinဆီကနေ ၀င်လာပြန်သည့် ဖုန်း ။

Jungkook မဖြေဆိုတော့ပဲ ဥပေက္ခာသာ ပြုလိုက်သည် ။

" ခဏ... မဆင်းသေးနဲ့ဦး..."

Jungkookဘေးမှာ လမ်းတလျှောက်လုံး တောင့်တောင့်ကြီး လိုက်ပါလာသော Taehyungကို Jungkookတားမြစ်လိုက်ကာ သူကပဲ ကားပေါ်ကနေ အရင်ဆင်းလိုက်သည် ။

ဧည့်ကြိုဝန်ထမ်းက ကားတံခါးဖွင့်ပေးရန်အတွက် သူတို့နားရောက်လာလျှင် ထိုဝန်ထမ်းကို ကားသော့သာပေးပြီး Taehyungကို ကိုယ်တိုင်ကိုယ်ကျပင် တံခါးဆွဲဖွင့်ပေးလိုက်သည် ။

" သွားရအောင်..."

" Nae..."

Taehyung ကားပေါ်မှ ဆင်းလိုက်သည်နှင့် ဧည့်ကြိုဝန်ထမ်းက ကားပေါ်တက်ကာ ကားရွှေ့ပေးသည် ။

DEAR BOSS (Complete)Where stories live. Discover now