zawgyi
" မနက်ဖြန်က ပိတ်ရက်ပဲကို... ဒီည ငါတို့ဌာနသားတွေ တစ်ခွက်လောက် အတူတူ သောက်ကြမလား..."
" လက်ထောက်ကြီးက ဒကာခံမှာလား.."
" ရား.. ကိုယ်သောက် ကိုယ်ရှင်းပေါ့..."
အလုပ်ဆင်းသည့် အချိန်၌ ဌာနမှူးလက်ထောက် Kim Soekjinက Taehyungတို့နား ရောက်လာကာ ဌာနသားတွေနှင့် ရယ်ရယ်မောမော စကားဖောင်ဖွဲ့နေသည် ။
" ဟေး... Bossရဲ့သူငယ်ချင်းလေး... မင်းရဲ့လုပ်ရည် ကိုင်ရည်က မဆိုးဘူး.. ကြိုးစားထား... ဒီအတိုင်းဆို 3လနဲ့ တရားဝင်ဝန်ထမ်း ဖြစ်နိုင်တယ်..."
" Nae... လက်ထောက်ကြီး..."
Bossနှင့် ခဏခဏ တွေ့ဆုံဖြစ်သည့် Taehyungက တစ်ခါတစ်လေ Bossနှင့်လည်း Canteen ထိုင်တတ်သည်မို့ ဌာနသားတွေက 'Bossရဲ့သူငယ်ချင်းလေး'ဟု အမည်ပေးထားကြသည် ။
Taehyungက Bossနှင့် သူငယ်ချင်း မဟုတ်ပါဘူး ငြင်းချက်ထုတ်လည်း မထူး ။
ထို့ကြောင့် ဒီအတိုင်းသာ အလိုက်သင့်နေလိုက်ရသည် ။
သူတို့ဌာနသားတွေ ရုံးခန်းထဲကနေ အလျှိုလျှိုထွက်လာခဲ့လျှင် Bossအလုပ်ဆင်းတာနှင့် ကြုံကြိုက်ပြန်သည် ။
" မင်္ဂလာပါ... Boss.."
" အင်း... ငါ့နောက် လိုက်ခဲ့..."
" Nae...."
Bossက Taehyungကို သူ့၏အိမ်ဆီကို ဦးဆောင်ခေါ်သွားသည်မို့ Boss၏အိမ်ကြီးဆီသို့ Taehyungထပ်မံ ရောက်ရှိခဲ့ရပြန်သည် ။
" မနက်ဖြန်ကျ ပွဲအတွက် ၀တ်စုံရပြီ... ဒါပေမယ့် ဖိနပ်လိုသေးလို့.... ကုန်တိုက်သွားရအောင်..."
" Nae??.. အာ.. ကျွန်တော့်မှာ ဖိနပ်တော့ ရှိပါတယ်.."
" အ၀တ်အစားနဲ့ လိုက်ဖက်တဲ့ ဖိနပ်ကို စီးရမှာပေါ့... ခဏထိုင်ဦး.. ငါ အင်္ကျီလဲလိုက်ဦးမယ်..."
Bossက အ၀တ်အစားလဲနေသည့် အချိန်အတွင်း Taehyungကတော့ မှန်သားပြင်နှင့် ကာရံထားသည့် အခန်းအတွင်းက Music Instrumentများကို အကြည့်ရောက်နေမိပြန်သည် ။
Bossက ကြည့်ရတာ Musicဘက်လည်း ဝါသနာပါပုံရသည် ။
ဒါနဲ့.. ဒီဟာတွေကို အလှပြရုံပဲ ထားထားတာလား??
YOU ARE READING
DEAR BOSS (Complete)
FanfictionKim Taehyung × Jeon Jungkook Sweet romance, comedy, funny Taekook makes me happy. Start date ~ 2.2.2022 (Wed) End date ~ 22.3.2022 (Tue)