zawgyi
Taehyungတစ်ယောက် ရေချိုးခန်းထဲမှ ထွက်လာသော Bathrobeနှင့် Bossကြောင့် အလွန်အမင်း အံ့အားသင့်သွားရရင်း အိပ်ချင်မပြယ်သေးသည့်စိတ်ပင် တမုချင်း ကွယ်ပျောက်သွားကာ ကုတင်ထက်ကနေ ကုန်းရုန်းထလျှင် စောင်ခြုံထည်နှင့် လုံးထွေးပြီး ကုတင်အောက်ကို ပြုတ်ကျသည် ။
" ဒုန်း!.."
" အာ့...."
" အိုး... အဲ့လောက်ထိ စိတ်လှုပ်ရှားစရာ မလိုပါဘူး..."
Bossက ရေစိုနေသည့် သူ့၏ရွှေဝါရောင်ဆံနွယ်ကို တဘက်ပိုင်းနှင့် အေးအေးလူလူ သုတ်နေသည် ။
Taehyungမှာသာ ထူပူသွားလျက် ကုတင်ဘေးက ကြမ်းပြင်ထက် လုံးထွေးနေသည့် စောင်ပုံထဲကနေ ကုန်းရုန်းပြန်ထရသည် ။
သူပုံစံက ခါးပတ်ပြုတ်နေသည့် ဘောင်းဘီရယ် ကြယ်သီးတို့ပြုတ်လျက် တွန့်ကြေနေသည့် ရှပ်အင်္ကျီဖြူရယ် ဌက်သိုက်လို ရှုပ်ပွနေသည့် ဆံနွယ်ရယ်နှင့် အရက်နံ့ကလည်း ဟောင်နေသေးသည် ။
" ကျွန်.. ကျွန်တော်က.. ဘယ်လိုလုပ်..."
သူက Bossနှင့် ဘယ်လိုလုပ် တစ်ခန်းထဲ အတူရှိနေရတာလည်းဆိုတာTaehyung မမှတ်မိတော့ပေ ။
မဟုတ်မှ သူက Bossနဲ့ အခန်းအတူတူ ဌားလိုက်မိတာလား??..
အားရှ်.. ဒီမူးရင် မေ့တတ်တဲ့ ဦးနှောက်ကြီးကြောင့် ဘာမှ စဉ်းစားမရတော့ဘူး!!...သူ ပျာလောင်ခတ်နေသလောက် Bossကတော့ ဘာကိုမှ စိတ်ထဲထားပုံမရပေ ။
ရေစိုခေါင်းကို တဘက်ပိုင်းနှင့် သုတ်ပြီးသည်နှင့် lotionကို စိမ်ပြေနပြေ လိမ်းနေသည် ။" ရုံးတက်ချိန်က ဘယ်လောက်မှ မလိုတော့ဘူး... မင်း မနောက်ကျချင်ဘူးဆိုရင် ကိုယ်လက်သန့်စင်ပြီး အ၀တ်အစားလဲသင့်ပြီ..."
" Nae!!??... "
Bossအပြောကြောင့် Taehyung လက်ပတ်နာရီလေးကို မြှောက်ကြည့်လိုက်လျှင် အဟုတ်တပ်ပင် ရုံးတက်ချိန်က နီးနေပြီ ။
အား... သူ အလုပ်နောက်ကျလို့ မဖြစ်တာကို.. ဒီအတိုင်းဆို သူအိမ်ပြန်ပြီး အ၀တ်အစားလဲချိန် ရှိတော့မှာ မဟုတ်ဘူး!!..
" ရေချိုးခန်းသုံးလို့ရတယ်..."
" Nae!!??..."
" အိုး.. မင်းက တုံ့ပြန်မှု ပြင်းထန်တာပဲ.."
YOU ARE READING
DEAR BOSS (Complete)
FanfictionKim Taehyung × Jeon Jungkook Sweet romance, comedy, funny Taekook makes me happy. Start date ~ 2.2.2022 (Wed) End date ~ 22.3.2022 (Tue)