Part ~ 3

14.9K 1.5K 115
                                    

zawgyi

ဒုတိယအကြိမ် ထပ်မံရောက်ရှိလာပါသည့် Hybe Company အဆောက်အဦးကို Taehyung မော်ကြည့်မိသည် ။

ဒီတစ်ကြိမ် လာရသည့် ခံစားချက်တော့ ပထမတစ်ကြိမ်နှင့် လုံးဝမတူညီပေ ။

ရင်တလှပ်လှပ်နှင့် စိတ်လှုပ်ရှားသလို မြူးထူးနေပြီး တစ်ဆက်တည်းမှာလည်း ကြောက်ရွံ့စိတ်က ရှိနေပြန်သည် ။

သူက Interviewကိုတောင် ကောင်းကောင်းမဖြေဆိုလိုက်ရသူမို့ မှားပြီးများ သူ့ကိုအကြောင်းကြားတာလားဆိုပြီး Companyကို ဆက်သွယ်ကြည့်တော့လည်း သူက အမှန်တကယ်ပင် Interviewအောင်မြင်ပြီး အလုပ်သင်အဖြစ် ခန့်အပ်ခံရသည့် စာရင်းထဲတွင် ပါနေသည် ။

ဘာလို့ သူ Interviewအောင်မြင်သွားခဲ့မှန်း စဉ်းစားလို့ မရပေမယ့် အလုပ်နဲ့ပတ်သက်ပြီး လုပ်ဆောင်နိုင်သည့် ယုံကြည်ချက်ကတော့ ရှိသည်မို့ သူ Companyကို ခြေချခဲ့ခြင်းဖြစ်သည် ။

Bossက ငါ့ကို ဘာလို့ အလုပ်ခန့်လိုက်တာလဲ??
ကလဲ့စားချေဖို့များလား??..

အား.. ငါ Kdramaထဲကနေ ရုန်းထွက်ရမယ်..။
Bossက ဘာကြောင့်မို့ ငါ့ကို Interviewအအောင်ပေးခဲ့ ပေးခဲ့.. ငါ့ရဲ့လုပ်ရည်ကိုင်ရည်နဲ့ ငါက အရည်အချင်းရှိတဲ့ အလုပ်သမားတစ်ဦးဖြစ်ကြောင်း သက်သေပြရမယ်..။

" ဟူး... ငါ စိတ်အေးအေးထားရမယ်.. အမှားလုံးဝ ထပ်လုပ်လို့မရဘူး..."

မိမိစိတ်ကိုယ်မိမိ တည်ငြိမ်အောင် တရားမှတ်လိုက်ရင်း ဓာတ်လှေကားစီးသည့်အခါ ရှေ့အခေါက်ကလို မဖြစ်စေရန် ၀င်လာသမျှသူ အကုန်လုံးကို ဦးညွှတ်နှုတ်ဆက်မိသည် ။

ဘာဖြစ်ဖြစ် သူက အလုပ်သင်မို့ ထိုသူတွေ အကုန်လုံးက သူ့ထက် seniorတွေပဲလေ ။

" Bossက ဒီတစ်လလည်း ငါတို့ဌာနက လုပ်ဆောင်မှု တိုးတက်လာတယ်ဆိုပြီး Bonusထပ်ပေးပြန်ပြီ.. အား.. အဲ့ဒါကြောင့် ငါ ၀ယ်ချင်တဲ့အိတ်လေး ၀ယ်လိုက်ရတယ်.. "

" ငါရောပဲ... အိမ်ကို ပိုထောက်ပံ့ပေးနိုင်တယ်.. ငါတို့Bossလိုလူမျိုး ထပ်ရှိတော့မှာ မဟုတ်ဘူး.. အရည်အချင်းရှိရင်ရှိသလောက် တိုးတက်ရင် တိုးတက်သလောက် အသိအမှတ်ပြုပေးပြီးတော့ အောင်မြင်မှု အသီးအပွင့်ကိုလည်း ခံစားခွင့်ပေးတယ်..."

DEAR BOSS (Complete)Where stories live. Discover now