Cheating On You (Renhyuck)

585 54 9
                                    

Cheating On You

"ဟယ်ချန်း!
ရွမ်ကျွင့်ရော...ဒီနေ့တော့ ခေါ်လာမယ်ဆို"

မျှော်လင့်စွာ ကြည့်နေကြတဲ့ အကြည့်တွေကို
လျစ်လျူရှု၍ လွတ်နေတဲ့ မာ့ခ်ဘေးက နေရာနားမှဝင်ထိုင်ပြီး တစ်ခွက်အရင်မော့လိုက်သည်
လည်ပင်းတလျှောက်ဆင်းသွားတဲ့ အပူဓာတ်ဟာ
ရင်ထဲက အပူဓာတ်ကိုတော့ မယှဉ်နိုင်!

"ဟွမ်ရွမ်ကျွင့်နဲ့ လမ်းခွဲလိုက်ပြီ"

"ဟမ်...ဘယ်တုန်းကလဲ?!!!"

"အခုဘဲ!"

အားလုံးထဲမှာမှ နှစ်ယောက်လုံးနဲ့ ရင်နှီးတဲ့ မာ့ခ်ဟျောင်း က တစုံတခုကို မေးချင်နေတဲ့ ပုံနဲ့ ငေးကြည့်နေသည်

"ရွမ်ကျွင့် ဘက်က အရင်ပြောတာလား"

"ဟင့်အင်း "

ဟုတ်တယ်
သူ့အရင် လမ်းခွဲဖို့ပြောခဲ့တာ!
အနည်းဆုံး ကိုယ်က အရင်လမ်းခွဲဖို့ပြောခဲ့တာဆိုပြီး အနိုင်ယူခဲ့ချင်တာ!
သူ...သူဆီက လမ်းခွဲဖို့ စကားကို မကြားနိုင်လို့
သူ ကိုယ့်ကို မချစ်တော့ဘူးဆိုတာ လက်မခံနိုင်လို့

"ငါ နားမလည်နိုင်ဘူး ဟယ်ချန်း
မင်း သူကို ချစ်နေသေးတာဘဲကို ဘာလို့ လမ်းခွဲ
ဖို့ပြောခဲ့ရတာလဲ ...
မင်း အခုပုံစံနဲ့ မချစ်တော့ဘူးလိုတော့ လာမပြောနဲ့နော်...နောက်ပြီး ရွမ်ကျွင့် ကရော ဘယ်လိုလုပ် လွယ်လွယ်နဲ့ လက်ခံခဲ့ရတာလဲ"

"သူ မချစ်တော့လို့ နေမှာပေါ့"

"ဟယ်ချန်း!
ဘာတွေက မင်းကို အဲ့လိုထင်စေလည်းမသိပေမယ့်
မင်းတို့ အဲ့လို လွယ်လွယ်နဲ့ လမ်းခွဲတော့မလို့လား.."

"ဟျောင်း!
ဟျောင်းက အပြင်က လူပါ...!"

"လာ...တနေရာသွားပြီး အေးအေးဆေးဆေး ပြောကြရအောင်...
ဟျောင်းတို့ ဒီနေ့တော့ ကျနော်နဲ့ ဟယ်ချန်း အရင်ပြန်နှင့်မယ်"

🖤

"ဟယ်ချန်း ပြန်လာပြီလား..."

"အွမ်...ရွမ်ကျွင့် ဒီနေ့ ဟျောင်းတို့နဲ့ ချိန်းထားတာ မင်းလိုက်ခဲ့မယ်မလား..."

"ဒီနေ့?
...ငါ အခုဘဲ ဂျယ်နိုနဲ့ အပြင်သွားမလို့"

"မနေ့ကဘဲ သွားပြီးပြီမလား!"

DreamingWhere stories live. Discover now