တိုင်ပေါ်က နာရီကြီးကလက်တံတွေရဲ့ စက္ကန့်အမျှ လှုပ်ရှားသံတွေနဲ့
ဘေးက လုပ်ဖော်ကိုင်ဖက်ဆီက ထွက်ပေါ်လာတဲ့ စာရိုက်သံတွေကလွဲရင် အေးချမ်းနေတဲ့ စခန်းမှာ တယောက်တည်း ထိုင်မရ ထမရဖြစ်နေတာက Seoul က နာမည်ကြီးစုံထောက်ပေါက်စ Lee Mark!ဖုန်းကို ကြည့်လိုက် ပိတ်လိုက် စဉ်းစားလိုက်နဲ့ လုပ်နေတာ
တခြားသူတယောက်မြင်ရင် အမှုကြီးတစ်ခုကို စိတ်ပါဝင်စား ဖြေရှင်းနေတယ်ဆိုပြီး ချီးကျူးနေရင် ချီးကျူးနေလိမ့်မယ်
အတွင်းသိ အဆင်းသိ သူအတွက်ကတော့ အချစ်ပူမိနေတဲ့ သနားစရာ အချစ်သူရဲကောင်းလေးပါဘဲ"Hyung အဲ့ ဖုန်းကို ကြည့်လို့ ပြီးတော့မှာလား..."
"Jaemin သူ ငါ့ကို စာမပြန်သေးဘူး!"
"မအားလို့ဖြစ်မှာပေါ့..."
"မဟုတ်ဘူး..သူ့ တခုခုဖြစ်နေပြီနဲ့တူတယ်"
စာလေး တစ်ချက်မပြန်တာနဲ့ တခုခုဖြစ်တယ်ထင်ရအောင် သူ့ရည်စားက အခုမှ ကျောင်းတတ်လက်စ ကလေးလည်းမဟုတ်!
ဟိုက လုပ်ချင်ရင် စခန်းတစ်ခုလုံးကို မီးတောင်ရှို့လို့ရတဲ့သူကို!"သူလည်း သူအလုပ် သူရှိမှာပေါ့ Hyungရေ
အဲ့လောက်ကြီးလည်း စိုးရိမ်မနေနဲ့...""မင်း မသိပါဘူး Jaeminရေ
တော်ရုံဆို ငါလည်း စိတ်မပူပါဘူး...
အခုဟာက သူငါ့ကို နောက်ဆုံးပို့တဲ့စာကြောင့်""သူ က ဘာပို့လို့လဲ..."
"ဒီည စောင့်နေနော် တဲ့"
ဒီည စောင့်နေ?
Hyung က ဒီည Duty ရှိတော့ စခန်းမှာဘဲရှိနေတာ...
မဟုတ်မှလွဲ!"စခန်းမှူး kim ပြန်လာပြီး
တယောက်လည်း မိလာတယ်လို့ကြားတယ်"လုပ်ဖော် ကိုင်ဖက် စကားလည်း အဆုံး သူတို့နှစ်ယောက် တစ်မျက်နှာ တစ်မျက်ကြည့်မိကြသည်
"Hyung...Huang Renjun တော့ မဟုတ်ပါဘူးနော်!"
🔍
သူ စခန်းမှူး တံခါးပေါက်မှာ စောင့်နေတာ အချိန်တွေ ဘယ်လောက်ကြာပြီလဲမသိ
jun အဆင်ပြေဖို့ ဆုတောင်းနေမိသည်မှာလည်း အကြိမ်ကြိမ်ဘဲ
ကောင်ဆိုးလေးက ဘယ်လောက်ဆိုးဆိုး ဒီလောက်ထိ အတင်းရဲလိမ့်မယ်မထင်ခဲ့!
တွေ့မှ ပြစ်ဒဏ်အကြီးကြီးပေးရမယ်!