"Ge...ဖွင့်ပွဲလာအားပေးတာလား!"
"မဟုတ်ပါဘူး
အလုပ်လာလုပ်တာလေ!"ပြောလည်းပြော အနောက်ထဲဝင်သွားသူကြောင့်
သူပါ အသည်းအသန်လိုက်ပြေးရသည်။"မဟုတ်သေးပါဘူး Ge အလုပ်က ပြီးသွားပြီလေ
Ge design တွေအကုန်ပြီးလို့ ထုတ်ပြီးလို့ ဆိုင်တောင်ဖွင့်နေပြီကို Ge က ဘာလုပ်အုံးမလို့လဲ""Ge ရဲ့lele လေး
ဆိုင် စဖွင့်ရက်မှာ လူမလောက်မှာစိုးလို့ လာကူညီပေးတာလေ"အနောက်မှာ ချိတ်ထားထားသော ဆိုင် က uniform ကိုတွေပါ ယူပြီး ဝတ်နေသောကြောင့်
သူမှာ ပါးစပ်အဟောင်းသား ဖြစ်ရပါတယ်!အစက ဆိုင်အတွက် design လေးတွေအတွက် တာဝန်ယူပေးပါဆိုတုန်းက အင်း အမ်း နဲ့ဖြစ်နေလို့ အန်တီနဲ့တိုင်ပြောလိုက်တာမှ ရောက်ချလာပေမယ့် မထင်မှတ်ထားဘဲ ဆိုင်ကို နေ့တိုင်း ရောက်လာတဲ့အပြင် အခု ဆိုင်ဖွင့်ပွဲအထိကိုပါ လာပြီး ကူညီပေးတာက သွေးရိုးသားရိုးတော့ မဟုတ်တော့!
မကြာခင်ကမှ ဆိုးထားတဲ့ Two Toned အရောင်နဲ့ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖီးတင် နေတဲ့ သူရဲ့ Ge က မဟုတ်မှလွဲ ဆိုင်က တယောက်ယောက်ကို ကြိုက်နေတာများလား!!!!
"Ge!"
"ဘာလဲ!"
"ကျနော် မေးမလို့"
"မေးလေ"
မေးလေသာပြောတယ် အရှေ့ကို ထွက်သွားသူကြောင့် အနောက်ကနေ လိုက်ရပြန်သည်။
အရှေ့ရောက်တော့"Injunnie~"
Renjun Ge ကိုတွေ့တာနဲ့ အတင်းပြေးလာသော
Jaemin hyung နဲ့တွေ့သည်။"Injunnie လာအားပေးတာလား"
"မဟုတ်ဘူး လာကူညီပေးတာလေ
ဒီမှာ ကြည့်!"Uniform ကိုထိုးပြသော Ge ကို Jaemin hyung က တော်တော် အသည်းယားနေသည်ထင်
ပါးကိုပါ ဆွဲညစ်လိုက်သေးသည်။
ခဏ Jaemin Hyung နဲ့များလား!!!"Jisungnie!"
သူအတွေးတောင် မပြီးသေးပါဘူး
Jisung ဆီရောက်သွားသော Jaemin hyung ကိုကြည့်ပြီး hyung က လူတိုင်းကို အဲ့လိုလုပ်နေကျ ဆိုတော့ မဖြစ်နိုင်ပါဘူးလေ
Renjun ge ကြည့်ရတာလည်း ပုံမှန်ပါဘဲ~