ဒယ်ဒီ? <Jayren>

365 37 4
                                    

                    
"ဟွမ်ရန်ကျွင့် ဒီမှာ ဒီမှာ!!"

ဆူညံနေတဲ့ သီချင်းသံတွေကြားမှာတောင် လွှမ်းမိုးနေသော အသံပိုင်ရှင်ကတော့ အီဟယ်ချန်းပါဘဲ!

"မင်းတို့ပြောတော့ ပါတီ သေးသေးလေးဆို အခုတော့ လူတွေများတာ!"

ဟယ်ချန်းပေးသော အရည်တစ်ခွက်ကို မော့ချပြီ ညည်းညူးပြီး ပြောလိုက်သည်။

"ပါတီဆိုတာ လူများမှပျော်ဖို့ကောင်းတာလေ
ရန်ကျွင့်နီးရဲ့ "

စတာမစရေး သူ့တော်တော် ရေချိန်ကိုက် နေပြီနဲ့တူသည်။

"ခဏ ငါ toilet သွားလိုက်အုံးမယ်ကွာ"

"သွား သွား "

အခုမှရောက်တာမို့ မသွားချင်သေးသောကြောင့် နဂိုနေရာမှာဘဲ ထိုင်ပြီး ဟိုကြည့်ဒီကြည့်လုပ်လိုက်သည်။

ဝိုး! မလှမ်းမဝေးမှာ ထိုင်နေတဲ့ သူက မြင်လိုက်တာနဲ့ မျက်လုံးမခွာနိုင်တော့အောင်ထိ ဆွဲဆောင်မှုရှိလိုက်တာ! လှန်တင်ထားသော ဆံပင်အောက် နှဖူးလှလှနဲ့အတူ စကားပြောတိုင်း ပေါ်လာတဲ့ ပါးချိုင့်ကြီးတွေ! ရင်အုပ်ကျယ်ကျယ်နဲ့ ဖန်ခွက်ကိုကိုင်ထားတဲ့ လက်ချောင်းတွေက အစ အကုန် ဆွဲဆောင်မှုရှိတာ! ပုံစံကြည့်ရတာတော့ သူထက် အနည်းငယ် အသက်ကြီးမယ့်ပုံ ပေါ်သည်။ကိုကြီးပေါ့!

ဒီတိုင်းထိုင်ကြည့်နေမယ့်အတူ နည်းနည်း စကားသွားပြောရမလား! ဟုတ်ပြီ နည်းနည်းသောက်ပြီး အားမွေးပြီး သွားပြောရမယ်။ စားပွဲပေါ်မှာတင်ထားတဲ့ နှစ်ခွက် သုံးခွက်ကို မော့ချလိုက်ပြီ
ကိုကြီးဆီသွားလိုက်သည်။

သူမသိလိုက်တာ သူသောက်လိုက်တာက
အပြင်းဆုံး ယာမကတွေဆိုတာပါဘဲ !

"ဟိုင်း!"

သူရှေ့ကိုရောက်လာတဲ့ ကောင်ငယ်လေးက လူကောင် သေးပေမယ့်ပြီး ဆွဲဆောင်မှုကတော့ဘအကြည့်မခွာချင်ရလိုက်အောင်ဘဲ! ရိုးရိုး ဂျင်းဘောင်းဘီကို crop top နဲ့တွဲဝတ်ထားရုံနဲ့ သူရဲ့ဆွဲဆောင်မှုအလှကိုပေါ်လွင်စေသည်။ အနည်းငယ်ခြယ်မှုန်းထားတဲ့ မျက်လုံးလေးတွေက ညို့အားပြင်းသည်။

DreamingWhere stories live. Discover now