Midnight Rain(Noren)

244 26 6
                                    

Midnight Rain
(JENO×RENJUN)

"Cause he was sunshine
I was midnight rain
He wanted it comfortable
I wanted that pain
He wanted a bride
I was making my own name
Chasing that fame
He stayed the same
All of me changed
Like midnight"

မိုးသည်းသည်းရွာတဲ့ ညတွေမှာ သူကို ပုံမှန်ထက် ပိုလွမ်းနေမိတယ်~
ဒီအချိန်ဆို တယောက်တည်း အေးနေမလား! ဒါမှမဟုတ် ချစ်ဖို့ကောင်းစွာနဲ့ စောင်ထူထူအောက်မှာ အိပ်ပျော်နေမလား!

ကမ္ဘာတစ်ဖက်ခြမ်းမှာရှိနေပေမယ့် သူရဲ့အတွေးတွေကို ရန်ကျွင့်တယောက်တည်းဘဲ အပိုင်သိမ်းထားလေသည်။

Brand New အဝတ်အစားတွေထက် ရန်ကျွင့်ထုတ်ပေးထားတဲ့ အိမ်နေရင်းအကျီလေးကိုသာ ဝတ်ချင်လာသည်။ အကောင်းစား အိပ်ယာတွေအစား ခပ်သေးသေးရင်ခွင်ငယ်လေးကို ပိုတောင့်တနေမိသည်။

လေဆိပ်ဆင်းတာနဲ့ ပထမဆုံးသွားဖို့ပြင်မိတာက ချစ်ရသူရဲ့ အိမ်ငယ် ( အရင်က နှစ်ယောက်အတူတူ နေခဲ့ကြသော အချစ်အိမ်ငယ် )

"ရန်ကျွင့်နီး!"

အလွတ်ရနေတဲ့ password ကိုရိုက်သွင်းပြီး အိမ်ထဲဝင်လာတော့ အချစ်ငယ်က တီဗီကြည့်နေရင်းကနေ သူကို အံသြသော မျက်လုံးဝိုင်းများနဲ့ လှမ်း၍ ကြည့်သည်။

"ဂျယ် ဂျယ်နို ...?"

"ကိုယ်ပြန်လာပြီလေ ရန်ကျွင့်နီး"

ရင်ခွင်ကိုဖွင့်ပေးသောအခါ အပြေးဝင်ပြီး ဖက်လာသည်က ခိုအာလာလေး အလား! တရှုံရှုံနဲ့ လွမ်းနေတာ လို့ပြောနေတဲ့ အသံငယ်လေးက သူ့အတွက်အမောပြေဆေးလေး!

ကိုယ် အိမ်ပြန်ရောက်ပြီ အချစ်ငယ်!

🌧

မတွေ့ရတာ လအနည်းငယ်ကြာပြီဖြစ်တဲ့ သူတို့နှစ်ယောက်ကြားမှာ ပြောစရာတွေက မကုမ်းမခမ်းနိုင်! ရန်ကျွင့်ကို သူ ဖက်ရှင်ရှိုး အတွက် ခရီးထွက်ခဲ့တုန်းက ပုံတွေပြတော့ မျက်လုံးလေး တလက်လက်နဲ့ ကြည့်နေတာမြင်တော့ တစ်ခေါက်တော့ ရန်ကျွင့်ကို ဥရောပခရီးခေါ်သွားရမယ်လို့ မှတ်ထားလိုက်သည်။

လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပုံပြပြီး ဘယ်သူအချောဆုံးလည်းရွေးခိုင်းတော့ တခြားဥရောပ က တစ်ယောက်ကို ရွေးလိုက်တာကြောင့် သူစိတ်ကောက်ပြတော့ ရန်ကျွင့်နီးက နည်းအမျိုးမျိုးနဲ့ချော့ရင်း နောက်ဆုံး အချစ်ပင်လယ်ထဲပါ လက်ပစ်ကူးခဲ့တဲ့အထိဖြစ်ခဲ့ရသည်။

You've reached the end of published parts.

⏰ Last updated: May 07, 2023 ⏰

Add this story to your Library to get notified about new parts!

DreamingWhere stories live. Discover now