Mark × Renjun
"Hyung!Jun ကို သဘောကျတယ်"
"ကျနော့်ကို ဘာကိုသဘောကျတာလဲ?"
"ဟို...ဟို မျက်နှာလေးကြောင့်!"
သူဖြေလိုက်တာနဲ့ ပျက်သွားတဲ့ မျက်နှာလေးကိုတွေ့လိုက်မှာ သူစကားမှားသွားပြီဆိုတာသတိထားမိတော့သည်။
တကယ်တော့ Jun ရဲ့ မျက်နှာတင် မဟုတ်ဘဲ
Jun ရဲ့ သူတစ်ပါးကို ဂရုစိုက်တဲ့ အကျင့်လေးရော!
စကြဝဠာကြီးကို ရောင်ပြန်ဟပ်ထား သလို
တလက်လက်တောက်ပနေတတ်တဲ့ မျက်လုံးတစ်စုံရောပြီးတော့ အမြဲသူပြောတာကို ဂရုတစိုက်နဲ့ နားထောင်ပေးပြီး မှတ်ပေးထားတာတွေရော
တကယ် ပြောပြလို့ မကုန်နိုင်တဲ့ အကြောင်းပြချက်တွေနဲ့ သဘောကျတာကို ဘယ်လိုပြန်ပြောရမလဲ။ခံစားချက်တွေကို ဖော်ပြဖို့က ခက်ခဲလိုက်တာ။
💗
"မောင်လေး ဆံပင်ဆေးဆိုးမလို့လား
"မဟုတ်ဘူး!
ကျနော် ဆံပင်လာညှပ်တာ""အယ်!ဘာဖြစ်လို့လဲ ဒီဆံပင်နဲ့ လှတာကို!"
လှတယ်!
မိန်းခလေး တယောက်အတွက် "လှတယ်" လို့အပြောခံရတာ ဂုဏ်ယူစရာပေမယ့်
ယောက်ျားလေးဖြစ်တဲ့ သူအတွက်တော့ ကြားပါများလာရလေလေစိတ်အနှောက်အယှက် ဖြစ်လာရလေလေဘဲ!"ကျနော် ကို ဘာကို သဘောကျတာလဲ ဟင်!"
"မျက်..မျက်နှာလေးကြောင့် "စီနီယာ မျက်စိထဲမှာလည်း သူက မျက်နှာလှလှ ရှိတယ်ဆိုတဲ့ ဖြစ်တည်မှုတစ်ခုတည်းဘဲလား!
"အစ်မ အတတ်နိုင်ဆုံး အတိုဆုံးသာ ညှပ်ချလိုက်ပါ! နောက်ပြီး အမည်းရောင်လည်း ပြန်ဆိုးမယ်နော်"
"သေချာ လို့လား မောင်လေး"
"သေချာတယ် အစ်မ စစ်သားကေ လည်းရတယ်
အဓိက က တိုသွားဖို့ဘဲ!"ဝိုး!
နဖူးပေါ်က အညိုရောင်တွေအစား ဆံပင်အမည်းတွေက ခေါင်းပေါ်မှာ ဟိုထောင် ဒီထောင် ထိုးထွင်း နေရာယူကြလေသည်။"သဘောကျ ရဲ့လား မောင်လေး!"
"ကြိုက်တယ် အစ်မ ကျေးဇူးပါဘဲ"