"잘자요내 사랑"
အိပ်ဖို့ နည်းလမ်းစုံအကုန် သုံးပြီး ကြိုးစားကြည့်သော်လည်း hyung ရဲ့ သီချင်းဆိုသံကသာ နားထဲပြန်ပြန်ဝင်ကြားယောင်လာပြီး အိမ်ကို မပျော်တော့ချေ။
ခေါင်းအုံးနဲ့ မျက်နှာကို အတင်းဖိပြီးသာ အသည်းယားပြီး အော်ဟစ်သော်လည်း မရချေ။
သိုးတွေရေတွက်ကြည့်သော်လည်း ၁၀ကောင်မရောက်ခင်မှတင် hyung အသံက ပြန်ကြားယောင်လာလေရော!
အိပ်ရာပေါ်မှာ ဒီတောင် လူးလိမ့်နေရုံနဲ့ အဆင်မပြေတော့မှန်းသိတာမို့ ခေါင်းကုတ် ဟို ကုတ်နဲ့သူ မီးဖိုချောင်ဆီ လှမ်းလာခဲ့လေသည်။မီးဖိုချောင် မရောက်ခင်မှတင် လှမ်းမြင်နေရသော ထမင်းစားပွဲက ပုံရိပ်သေးသေးလေးကြောင့်
အိမ်ရှေ့က မှန်ဆီ အရင်ပြေးပြီး ခေါင်းတွေဘာတွေ သေချာ ဖိသပ်ရသေးသည်။"Hyung~"
သူခေါ်လိုက်တော့ ခေါက်ဆွဲတန်းလန်း နဲ့ မော့ကြည်လာသူလေးက မတရားကိုပင် ချစ်ဖို့ကောင်းနေသည်။
"Jisungnie!
ဗိုက်ဆာလို့လား!""ဟင့်အင်း ရေလာသောက်တာ"
ပြောပြီး ရေသန့်စက် ဆီသွားပြီး ရေထည့်နေသော်လည်း အနောက်ကနေ ကြားနေရသော်
Hyung ရဲ့ ခေါက်ဆွဲစားသံလေးက သူဗိုက်ထဲက အကောင်လေးတွေကိုပါ လှုပ်ခတ်လာသလိုပါဘဲ!"ကျနော်သွားပြီနော် hyung"
"အိပ်တော့မလိုလား
ညလယ်စာ စားသွားပါအုံး"Hyung ကပြောလည်း ပြော တူနဲ့ပါ ခွံ့ကျွေးဖို့ပြင်နေတာကြောင့် မ ငြင်းတော့ဘဲ ငုံပြီး စားလိုက်သည်။
ပါးစပ်ထဲဝင်သွားသော ခေါက်ဆွဲက သူစားနေကျထက် စပ်ပေမယ့် သူရဲ့ အသိစိတ်က hyung ရဲ့ နှုတ်ခမ်းထောင့်က ပေနေသော ဟင်းအနှစ်တွေဆီမှာ!
သတ္တိတွေက ဘယ်ကနေ ရလာမှန်းကို မသိ!
သူလက်မနဲ့ hyung ရဲ့ နှုတ်ခမ်းထောင့်ပေနေတာလေးကို သုတ်လျက်ပြီးသား ဖြစ်နေပြီ!သူရုတ်တရက် လုပ်လိုက်တဲ့ အပြုအမှုကြောင့်
Hyung ကတော့ သူကို မျက်လုံးလေးဝိုင်းလျက်ကြည့်နေလေရဲ့!"ဘာလို့ ကျနော် ကိုကျ အဲ့လို မပြောတာလဲ"
"ဘာ...ဘာကိုပြောရမှာလဲ!"