အပိုင်း ၁

1.9K 115 2
                                    

ရှောင်ဂို ကိုယ်တောင်းပန်ပါတယ်။ လမ်းခွဲတာမင်းအတွက်စိတ်ထိခိုက်ရမယ်ဆိုတာနားလည်ပါတယ်။ဒါပေမယ့် ကိုယ်တကယ်စိတ်မကောင်းပါဘူး။

လန်ဇီရဲ့ နှုတ်ခမ်းအစုံဟာတင်းနေပြီး သူရဲ့ကြည့်ကောင်းတဲ့ မျက်လုံးတွေဟာစိတ်မကောင်းတဲ့ပုံပေါက်နေတယ်။

"မင်းကကောင်းတဲ့မိန်းကလေးတစ်ယောက်ပါ။ကိုယ်မင်းကို မထိခိုက်ချင်ပါဘူး။ကိုယ်ထင်တာမင်းနဲ့တွဲရင် ကိုယ်သူမကိုမေ့နိုင်မယ်ထင်ခဲ့တာ။ သူမပြန်လာတဲ့အချိန်မှာ ကိုယ်သူမကိုမမေ့နိုင်ဘူးဆိုတာသိခဲ့တယ်။"

"ကိကိက ကိုယ်နဲ့လက်တွဲမယ်လို့ကတိပေးပြီးပြီ"

"သစ်သီးလေး ကိုယ်တကယ်ဘဲ သူမနဲ့မလွဲချင်ဘူး"

သူ့ရဲ့အရှေ့မှာရှိတဲ့မိန်းကလေးဟာ ရိုးရှင်းတဲ့ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမရဲ့လက်ဟာ ဖန်ခွက်လက်ကိုင်ကိုဆုတ်ကိုင်ထားပြီး သူမရဲ့ခေါင်းကို ငုံထားတဲ့အတွက်ကြောင့် သူမရဲ့မျက်နှာအမူအရာကို မမြင်နိုင်ဘူး။

သူမငိုထားတဲ့အတွက်ကြောင့် သူမရဲ့ပိန်သွယ်တဲ့ခန္ဓာကိုယ်ဟာ တုန်နေတယ်။
လန်ဇီပို၍ စိတ်ထဲမကောင်းဘူးး။ ဒါ​ေပမယ့် သူလမ်းခွဲကိုခွဲရမယ်။သူချစ်တာ လုကျိ, တန်ဂိုမဟုတ်ဘူး။အချိန်အကြာကြီးတိတ်ဆိတ်ပြီးနောက် သူမထံမှဘာတုန့်ပြန်မှုမှမရခဲ့ဘူး။သူမရဲ့အပြုံးတွေကို ပြန်တွေးမိပြီး သူစိတ်ပျော့သွားတယ်။

သူအရမ်းလန့်သွားပြီး မြန်မြန်ဘဲချက်လက်မှတ်ကိုကိုထုတ်၍ သူ့နာမည်ကိုရေးပြီးနောက် သေသေချာချာ တန်ဂို ရဲ့ လက်နားသို့ ရွေ့လိုက်တယ်။

"ရှောင်ဂို, မင်းဘာသာငွေတန်ဖိုးကို ဖြည့်နိုင်တယ်။ ဒါဟာ ကိုယ်မင်းအတွက် နစ်နာကြေးပဲ။"
"ကိုယ်မရှိဘဲ မင်းပျော်နိုင်လိမ့်မယ်လို့ မျော်လင့်ပါတယ်"လို. လန်ဇီတကယ်ဘဲ စိတ်ထဲမှလာတဲ့စကားကို ပြောခဲ့တယ်။
မိန်ကလေးကနောက်ဆုံတော့ခေါင်းကိုမော့ခဲ့တယ်။သူမရဲ့ မျက်နှာကလှပ​​ ပြီး​ ကြ​ည်လင်နေတယ်။
ငါထင်တာသူမငိုနေတယ်ထင်တာ။ သူမရဲ့တည်ငြိမ်လွန်းတဲ့အမူအရာက သူ့တစ်ကိုယ်လုံး အေးခဲမတက်ဘဲ။ပြီတော့သူမရဲ့ ထောင့်စွန်းနှုတ်ခမ်းက တွန့်နေပြီး သူကိုလှောင်ရယ်နေတယောင်။

အရံဇာတ်ကောင်၏ ပြန်လည်ခုခံခြင်း (Myanmar Translation )Where stories live. Discover now