Daddy-2

3.9K 171 4
                                    

ခုဆိုသမီးလေးကဆယ်နှစ်အရွယ်ရောက်လာပြီပေါ့ ဒီနေ့ဆိုဒါလ်လေးရဲ့‌ဆယ်နှစ်ပြည့်မွေးနေ့မို့လို့ဆက်ဆက်လာခဲ့ပေးပါဆိုပြီးဖုန်းဆက်လာတယ်လေ ဟုတ်ပါတယ်လေ ဒီနောက်ပိုင်းသမီးလေးဆီသိပ်ပြီးမသွားဖြစ်တော့သမီးလေးစိမ်းကားသွားမှာကြောက်ရတယ် ဒါပေမဲ့သမီးလေးကဖုန်းဆက်တော့ ဒယ်ဒီပျော်ရပါတယ်ကွာ

သမီးလေးဆီသွားမဲ့လမ်းမှာဆိုင်တစ်ဆိုင်ဝင်လိုက်ပြီးမွေးနေ့လက်ဆောင်ဝယ်‌ခဲ့တယ်သမီးလေးကြိုက်လောက်မှာပါ ကိုယ့်ဘာသာကိုအဲ့လက်‌ေဆာင်လေးကိုကြည့်ရင်း ပြုံးမိတယ်
ကဲ ခုသမီးလေးဆီသွားရတော့မယ်

တစ်ရွေ့ရွေ့လှိမ့်နေတဲ့ကားဘီးတွေကခြံတစ်ခြံရှိအိမ်ကြီးဆီဦးတည်လို့ကားဟွန်းသံပေးလိုက်တော့ ခြံစောင့်မဟုတ်သမီးကိုယ်တိုင်ကတံခါးလာဖွင့်ပေးတာ မတွေ့ရတဲ့အတောအတွင်းလှလာလိုက်တာသမီးရယ် ကိုယ်လုံးလေးကသေးသေးလေးပေမဲ့ပါးလေးတွေကတော့ငယ်ငယ်တုံးကအတိုင်းဖောင်းဖောင်းလေးတွေဘဲ ခုလည်းကြည့်ကျနောမနှစ်ကပေးထားတဲ့ဂါဝန်အပြာရောင်လေးနဲ့ သိပ်ချစ်ဖို့ကောင်းတယ်ဒါလ်လေးရယ်

ကားပေါ်ကဆင်းတော့ကျနော့ကိုလာဖက်တဲ့သမီးလေး
'ဒယ်ဒီ အရမ်းလွမ်းနေတာ ဘယ်တွေရောက်နေတာလဲသမီးဆီကိုလည်းသိပ် မလာတော့သလိုဘဲ'
စိတ်မကောင်းလိုက်တာသမီးရယ် ကျနောလည်းသမီးလေးကိုချီလိုက်ပြီး

'ဒယ်ဒီတောင်းပန်ပါတယ်ကလေးရယ် အလုပ်တွေကတအားများနေတာ ဒယ်ဒီ့ကိုစိတ်ဆိုးနေတာလားဟင်'

'အာ ဒယ်ဒီကလည်းစိတ်ဆိုးစရာလားလို့ခုလည်းဒယ်ဒီ‌ရှိနေပြီကို ဟိ ဒါနဲ့လေအလုပ်ကအများကြီးလုပ်ရတာလားဟင် ဘာလို့အဲ့လောက်တောင်လုပ်နေတာလဲဟင် အရမ်းပင်ပန်းလားဟင်??'

'ဖြေးဖြေးလေးမေးပါသမီးရယ် မောနေပါအုံးမယ် အင်ဟုတ်တယ်အလုပ်တအားများတယ်ဘာလို့လဲဆိုတော့သမီးလေးလိုချင်တာတွေဝယ်ပေးပြီး သမီးလေးနဲ့အတူခရီးတွေသွားမယ် သမီးလေးသွားချင်တာတွေစားချင်တာတွေအများကြီးလုပ်ပေးချင်လို့ ဒါလ်လေးအတွက်'

'ဟား တကယ်နော်ဒယ်ဒီအာ့ဆိုကတိ ရော့'
ဆိုပြီးသူ့ရဲ့လက်သန်းလေးကျနော့ကိုထုပ်‌‌ေပးတယ် 🤙
'အိုခေ ကတိ'

Daddy!!Where stories live. Discover now