Daddy-13

2.1K 140 4
                                    

'ကိုကို သူကဘယ်သူလဲ?' တဲ့ အဲ့ဒါနဲ့ဒယ်ဒီကသတိထားမိသွားလို့ထင်တယ်ဖက်ထားတဲ့လက်ကိုလွှတ်လိုက်ပြီး

'အော် သူကကိုယ့်အသိတစ်ယောက်ရဲ့သမီးပါဆိုးလ်ကဘဲ ကျောင်းပိတ်ရက်မို့ခနခေါ်လာတာ'

ဘာာ ကိုယ်လို့သုံးလိုက်တာလား အဲ့ဒါဆိုဒယ်ဒီနဲ့သူကဘာတွေလဲ??ဟူးးးမတွေးချင်တော့ဘူးဘာမှမဟုတ်ပါစေနဲ့လို့ဘဲဆုတောင်းရမှာ‌ေပါ့

'ဟုတ်လား ငယ်အုံးမယ်ထင်တယ်ချစ်စရာလေးဘဲ ဒါနဲ့နာမည်က..?'

'ဒါလ်ပါ ကင်မ်ဒါလ်'

'omo လူလေးရောနာမည်လေးပါချစ်စရာလေးဘဲ'

အမလေး လာမြှောက်နေတယ် သူ့မြှောက်တိုင်းဒီကဝမ်းသာမယ်မထင်နဲ့😒

'ဟုတ် ကျေးဇူးပါ'

'ဒါနဲ့မီဟယ် ညစာစားပြီးပြီလား?'

'မစားရသေးဘူးကိုကို ဒီမှာစားမလို့လေ'

အမယ် သူကအကြံနဲ့လာတာပေါ့ ဒယ်ဒီနဲ့စားကောင်းသောက်ကောင်းတွေကိုနှစ်‌ေယာက်တည်းအတူစားမလို့ကို ပွဲလာဖျက်တယ် ဟွန့်
*တော်ပြီကင်မ်ဒါလ် နင်သူများကိုအမြင်ကပ်တာရပ်တော့ စိတ်လျော့" *

'အတော်ဘဲပေါ့ ကိုယ်တို့လည်းခုမှစားမယ်လုပ်နေတာ လာလေအတူတူစားကြတာပေါ့'

'ဟုတ် ကိုကို' ဆိုပြီးဒယ်ဒီ့လက်ကိုတွဲပြီးဝင်သွားတာမြင်မကောင်း ဟောလ်...

_____________________
ထမင်းဝိုင်းတွင် ဒါလ်ကတော့ တို့ရုံသာစားနေပေမဲ့ ဒယ်ဒီနဲ့မီဟယ်ဆိုတဲ့အမကတော့ဒါလ်ကိုရှိမယ်တောင်မထင် သူတို့ဘာသာရီကြမောကြနဲ့စားလိုက်စကားပြောလိုက်လုပ်နေကြတာ *ဒါလ်ဘယ်လိုနေရမလဲဒယ်ဒီ ဒယ်ဒီတို့ပျော်နေတာကိုဒါလ်ထိုင်ကြည့်နေရမှာလား?ဒါလ်ကိုတောင် မေ့‌ေမ့လျော့လျော့ဖြစ်နေပြီပေါ့* ဆက်မစားနိုင်တော့လို့ထွက်သွားမယ်အလုပ် ဇွန်းချတုံးဘဲရှိသေးတယ် မီဟယ်ဆိုတဲ့အမက

'ကိုကို မီဟယ်ပြောစရာရှိတယ်' ဆိုပြီးပြောတော့ စိတ်ဝင်စားသွားပြီးဆက်ထိုင်နားထောင်မိတယ်

'ပြောလေ'

'မီဟယ်အိမ်ထောင်ပြုလိုက်ပြီသိလား'

Daddy!!Where stories live. Discover now