Daddy-14

2.1K 135 3
                                    

ဒေါက်ဒေါက်*
'ဒါလ် ဒယ်ဒီဝင်ခဲ့မယ်နော်'

'.......' *ဘာသံမှမကြားပါလား ဒါလ်တကယ်ဘဲစိတ်ဆိုးသွားတာလား* တံခါးဆက်မခေါက်တော့ဘဲဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်တံခါးဖွင့်လိုက်တော့ *အိပ်နေတယ်!!* အစောကြီးဘဲရှိသေးတာ ဒါမှမဟုတ်အိပ်ချင်ယောင်ဆောင်နေတာများလား? ဆက်မတွေးတော့ဘဲဒါလ်ဘေးနားကိုသွားပြီကုတင်ပေါ်ထိုင်လိုက်တယ်
ဒါလဲတုပ်တုပ်မလှုပ် ဒီကောင်မလေးစိတ်ဆိုးနေတာဘဲ ဟူးးး နှဖူးပေါ်ဝဲကျနေတဲ့ဒါလ်ရဲ့ဆံပင်လေးတွေကိုသပ်လိုက်ပြီး

'ဒါလ် ဒယ်ဒီတောင်းပန်တယ်နော် ဒါလ်နိုးလာမှဘဲဒယ်ဒီသေချာချော့မယ်နော် ခုတော့ဆက်အိပ်လိုက် Good nightဒယ်ဒီ့သမီးလေး'

ကျနောထွက်သွားမယ်အလုပ်ကျနော့လက်ကိုလှမ်းဆွဲထားတဲ့ဒါလ်

'ဒယ် ဒီ'

'အင်းသမီး ဒယ်ဒီ့ကြောင့်နိုးသွားတာလား?'

'မဟုတ်ပါဘူး ဒါလ်မအိပ်‌သေးတာ ဒီချိန်ကအိပ်လို့လဲမရဘူး'

'အင်းပါ ဒါဆို ဒါလ် ဒယ်ဒီ့ကိုစိတ်ဆိုးနေတာလား? ဒယ်ဒီတောင်းပန်ပါတယ်‌နော် ဒါလ်ကို‌မေ့သလိုဖြစ်သွားတဲ့အတွက်'

'‌ မေ့သလိုဖြစ်တာမဟုတ်ပါဘူး မေ့ကိုမေ့သွားတာမလား' ဆိုပြီးခေါင်းလေးငုံသွားတယ် စိတ်မကောင်းလိုက်တာသမီးရယ် ဒယ်ဒီမှားတာပါ

'ဒယ်ဒီတကယ်တောင်းပန်ပါတယ်ကွာ ဒယ်ဒီ့ကိုခွင့်လွှတ်ပေးမယ်မလား?'

'ဒါလ်မေးတာအမှန်တိုင်းဖြေပေးရင်ခွင့်လွှတ်ပေးမယ်'

'အာ့ဆိုမေး‌လေ'

'ဒယ်ဒီအဲ့အမကိုချစ်နေတယ်မလား ပြီးတော့ ကတိဆိုပြီးကြားလိုက်လို့ဘာကတိလဲဟင်'

'ဒါလ်...'

'ပြောပြပါဒယ်ဒီ ဒါလ်သိချင်လို့'

'ကောင်းပြီလေ ဟုတ်တယ် ဒယ်ဒီသူ့ကိုချစ်တယ်' *ဒါလ်ဆက်နားထောင်သင့်လား?? ဒါပေမဲ့ဒါလ်မေးခဲ့တဲ့‌မေ့းခွန်းဘဲလေ အဖြေကိုတော့နားထောင်ရမှာပေါ့

'တကယ်တော့ဒယ်ဒီနဲ့သူနဲ့ကတွဲခဲ့ဖူးတယ် သူကအဲ့တုံးကအလယ်တန်းနောက်ဆုံးနှစ်ဒယ်ဒီကuniတတ်နေတာတတိယနှစ်လေ ဒယ်ဒီနဲ့သူကငယ်ငယ်လေးကတည်းကသိလာခဲ့ကြရင်းနဲ့အစက‌တော့မောင်နှမလိုဘဲနောက်ပိုင်းကြတော့ အနေနီးလို့ဘဲနေမှာပါ သူ့ဘက်ကဒယ်ဒီ့ကိုဖွင့်ပြောလာတယ် ဒယ်ဒီ့မှာကလည်းရင်း"နှီး"နေတဲ့မိန်ကလေးဆိုလို့ သူဘဲရှိတာလေ အဲ့ဒါကြောင့်ဒယ်ဒီလက်ခံလိုက်ပြီးဒယ်ဒီတို့တွဲခဲ့ကြတယ် နောက်တော့ဒယ်ဒီက‌ေနာက်ဆုံးနှစ်ကိုဆိုးလ်မှာ‌ကျောင်းဆက်တတ်ဖို့ဆုံးဖြတ်ခဲ့တယ် သူကလည်းသဘောတူလို့ဒယ်ဒီဆိုးလ်ကိုလာခဲ့တာ အဲ့မှာnj hyunနဲ့တွေ့တာပေါ့ ဒယ်ဒီဆိုးလ်ကိုရောက်ပြီးတစ်လနှစ်လလောက်တော့သူနဲ့အဆက်သွယ်ရှိ‌ေသးတယ် ကြာလာတော့သူ့ဘက်ကလည်းမဆက်သွယ်ဒယ်ဒီလည်းမအားတာနဲ့မဆက်သွယ်ဖြစ်ဘူး ဒယ်ဒီဘွဲ့ယူ တော့သူဖုန်းဆက်သေးတယ်congratulationsဘဲပြောတယ် ဘွဲ့ယူတုံးကလည်းမလာဘူး ဒယ်ဒီကတော့သူ့ကိုစောင့်နေတာ အဲ့လိုနဲ့နောက်ပိုင်းတော့လုံးဝမဆက်သွယ်ဖြစ်တာအခုထိဘဲ ဟက် ဒီနေ့ကြမှာပြန်ပေါ်လာရတယ်လို့ တကယ်တော့စဉ်းစားကြည့်ရင်လေ ဒယ်ဒီတို့တွဲခဲ့ပေမဲ့ လမ်းမခွဲရသေးဘူးလေ ဒယ်ဒီ့မှာတော့အဲ့မျှော်လင့်ချက်နဲ့ သူ့ကိုဒီနေ့ကြိုဆိုမိလိုက်တယ် ဟက် ရီရတယ်နော် စဉ်းစားကြည့်လိုက်ရင် ဘာမဟုတ်တဲ့သူ့ကြောင့်နဲ့ ဒါလ်ကိုပါဝမ်းနဲစေမိတယ် ဒယ်ဒီတောင်းပန်-'

Daddy!!Where stories live. Discover now