Daddy-16

2.2K 140 0
                                    

တီ...* ဖုန်းချလိုက်ပြီး ဘာမှမတွေးချင်တော့လို့အိပ်ဖို့ဘဲစဉ်းစားလိုက်တယ် အဝတ်စားလဲပြီးတော့အိပ်ယာပေါ်သို့...
ဒါလ်နိုးလာတော့‌နေ့လည် ၂နာရီထိုးနေပြီ ဗိုက်ကလည်းဆာတာနဲ့အောက်ထပ်ကိုဘဲဆင်းလာခဲ့တယ် အောက်ရောက်တော့ ဒယ်ဒီ့ကိုမတွေ့လို့နဲနဲတော့ဝမ်းသာမိတယ် ဟုတ်တယ်လေ ကိုယ်ကဖွင့်ပြောထားပြီးအငြင်းခံထားရတော့ ရှက်လည်းရှက်သလို ကိုယ့်ကိုယ်ကိုယ်လည်းရွံမိတယ် ထမင်းစားခန်းရောက်တော့ စားပွဲပေါ်မှာ စားစရာတွေဘေးနားမှာစာတစ်စောင် စာကိုဖတ်ကြည့်တော့

*ဒါလ် ဗိုက်ဆာရင်အဆင်သင့်စားလို့ရအောင်ဒယ်ဒီပြင်ဆင်ပေးထားတယ် ဘာစိတ်မှမထားဘဲစားလိုက်နော် ဒယ်ဒီကစားပြီးပြီ ဒါလ်ကိုလာခေါ်သေးတယ်အိပ်နေလို့မနှိုးတော့တာ ဒယ်ဒီစာနဲ့ရေးတယ်ဆိုတာကလည်းဒါလ်မျက်နှာချင်းမဆိုင်နိုင်မှာစိုးလို့ ဒါလ်အဆင်ပြေပြီဆိုရင်တော့ဒယ်ဒီ့ကိုလာပြောလို့ရတယ်နော် ဒယ်ဒီအခန်းထဲမှာဘဲရှိနေမယ်*

*ဟက် ရီရတယ် ဒီလိုဖြစ်နေတာတောင် စားနိုင်သေးတယ် ဘာတဲ့ ဘာစိတ်မှမထားနဲ့ဆိုဘဲ အငြင်းခံလိုက်ရတာဒါလ်ပါ ဟူးးး* ဒါလ်လည်းဆက်မတွေးချင်တော့ဘူး ဒယ်ဒီပြင်ပေးတာလည်းမစားနိုင်ဘူး ကိုယ့်ဘာသာကို
ရေခဲသေတ္တာထဲကပန်းသီးတစ်လုံးယူပြီးအခန်းထဲသာပြန်တတ်လာခဲ့တယ်

_____________________
ဒီအချိန်ဆိုဒါလ်စားပြီးလောက်ပြီထင်လို့ကျနော်အခန်းထဲကထွက်လာခဲ့လိုက်တယ် ထမင်းစားခန်းရောက်တော့

'ဟမ် သူဘာမှမစားဘူးလားး?မဖြစ်သေးပါဘူး!' ဆိုပြီးခြေလှမ်းတွေကဒါလ်ရဲ့အခန်းဆီသို့

အခန်းရှေ့ရောက်တော့ ဝင်ရင်ကောင်းမလားမကောင်းဘူးလားဆိုပြီးတွန့်ဆုတ်နေမိတယ် ဒါပေမဲ့ဒါလ်အားရှိမှဖြစ်မယ် ဒီလောက်လေးနဲ့မပြိုလဲစေချင်ဘူး ပြီးတော့ဒီလိုအခြေနေကြောင့် ဒီလိုမျိုးမစားဘူးဆိုတာလဲမဖြစ်သင့်ဘူး အဲ့ဒါကြောင့်ဝင်သွားဖို့ဘဲဆုံးဖြတ်လိုက်တယ် တံခါး‌တော့မခေါက်ခဲ့ အထဲဝင်တော့ ဒါလ်ကဇာတ်ကားကြည့်နေတယ်

'ဒါလ်'

'ဟမ်' သူ့ကိုခေါ်တော့လှည့်ကြည့်လာတယ် ဒါပေမဲ့မျက်လုံးတွေကမျက်ရည်တွေဆို့နေတုံးဘဲ ငိုပြန်ပြီလား ကလေးရယ် ကျနော့အသံကြားတော့မျက်ရည်ကိုကဗျာကရာသုတ်လိုက်တယ် ဒယ်ဒီတောင်းပန်ပါတယ်ကွာ

Daddy!!Where stories live. Discover now