Daddy-8

2.3K 156 3
                                    

နောက်တစ်နေ့appaတို့အလုပ်သွားတော့ အိမ်မှာommaနဲ့ဒါလ်နှစ်ယောက်ဘဲကျန်တယ် ဒါလ်လည်းကျောင်းပိတ်ရက်ဆိုတော့အိမ်မှာပါဘဲ
ဒါပေမဲ့မနေ့ကအကြောင်းommaကိုမေးရမယ်ဘာလို့လဲ ဘာလို့ommaကဒယ်ဒီနဲ့ဒါလ်ကို ဒီလိုမျိုးလုပ်နေရတာလဲ ဒါလ်လဲသိချင်တာနဲ့မေးဖို့အောက်ထပ်ဆင်းလာခဲ့တယ် အောက်ရောက်တော့ommaက သိုးမွှေးထိုးနေတယ် ဒါလ်ကိုတွေ့တော့

'လာလေသမီးဘာရပ်လုပ်နေတာလဲ'

'ဟုတ်'လို့ပြောပြီး ommaဘေးဝင်ထိုင်လိုက်တယ်

'omma'

'hum'

'မေးစရာရှိလို့'

'မေးလေ'

'ommaကဒယ်ဒီ့ကိုသဘောမကျဘူးလား?'

'ဘယ်လိုရယ် ဘာလို့အဲ့လိုပြောရတာလဲသမီးရဲ့'

'ommaကဒယ်ဒီနဲ့ဒါလ်ကိုခွဲနေသလိုခံစားလို့ပါ မနေ့က ommaကဒါလ်ကိုအတင်းဘဲအ‌ေပါ်ပြန်တတ်ခိုင်းတယ်လေ'

'အော် သမီးရယ် ommaပြောပြမယ်သေချာနားထောင်' ဒါလ်ခေါင်းသာငြိမ့်ပြလိုက်တယ်

'တကယ်လို့jiminကသမီးလေးကိုသမီးတစ်ယောက်လိုဘဲသဘောထားတယ်ဆိုရင်ကော'

'အဲ့ဒါဒါလ်သိပါတယ်'

'ဘယ်လို!!အဲ့ဒါဆိုသိသိကြီးနဲ့သမီးကဆက်မိုက်ချင်တာလား ပြီးတော့သူကသမီးရဲ့အဖေအရွယ်လောက်ရှိတယ် အသက်လည်းအများကြီးကွာတယ်လေ သမီးရယ်ကိုယ့်အတွက်ကိုယ်စဉ်းစားစမ်းပါ သမီးမှာအချိန်တေ‌ွအများကြီးကျန်သေးတယ်'

'မသိဘူး ဒါလ်ဒယ်ဒီ့ကိုချစ်တာဘဲသိတယ်'

'သမီးကငယ်သေးတယ်သမီး ကလေးဆိုတော့ကလေးဆန်တုံးဘဲ ပြီးတော့jiminကသမီးအပေါ်ဘာစိတ်မှရှိတာမဟုတ်ဘူးရယ် တစ်ခုခုဆိုသမီးဘဲခံစားရမှာ'

ဒါလ်နားနှစ်ဖက်ကိုပိတ်ကခေါင်းခါပြီး
'မသိဘူးomma!!ဒါလ်အဲ့ဒါကြီးကိုမကြားချင်ဘူး ဒယ်ဒီ့ဘက်ကဒါလ်ကိုသမီးထက်မပိုလည်းရတယ် ဒါလ်ကတော့ဆက်ချစ်နေအုံးမှာဘဲ'

'သမီးommaရဲ့စကားကိုကျေးဇူးပြုပြီးနားထောင်ပေးပါ မဆိုးနဲ့သမီးရာ ဒါjiminနဲ့နီးနီးကပ်ကပ်နေလို့ဖြစ်နေတာ သမီးသူနဲ့ ခနလောက်မတွေ့ဘဲနေကြည့်ရင်ရလောက်မှာပါ စိတ်ကစားတာသက်သက်ပါဘဲသမီးရယ်'

Daddy!!Where stories live. Discover now