Daddy-11

2.1K 139 2
                                    

ဒါလ်တို့စားသောက်ပြီးတော့ omoniကအခန်းတွေလိုက်ပြတယ် ပြီးတော့မှဒါလ်နေဖို့အခန်းပြင်ပေးမယ်တဲ့ ဒယ်ဒီလည်းပါတာပေါ့ နောက်ဆုံးတော့ဒယ်ဒီ့အခန်းရောက်လာတယ် ပြီးတော့omoniက
'သားအခန်းဆိုတော့သားဘဲပြပေးလိုက်ommaဒါလ်လေးအတွက်အခန်းပြင်လိုက်အုံးမယ်'

'ရပါတယ်omoniရဲ့သမီးဘဲလုပ်လိုက်ပါ့မယ်'

'ကဲပါ jiminနောက်ဘဲလိုက်သွား omoniစကားနားထောင်နော်သမီး'

'ဟုတ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်omoni'

'အင်းပါ အာ့ဆိုommaသွားပြီ‌ေနာ်'

'ဟုတ်'
____________________

အခန်းထဲရောက်တော့ အကျယ်ကြီးရယ်တစ်ခန်းလုံးကနက်ပြာနဲ့အဖြူဘဲသုံးထားတာ တွေ့ခဲ့သမျှ အခန်းတွေကမိုက်ပေမဲ့ဒယ်ဒီအခန်းကပိုမိုက်တယ် ဒါလ်ဘယ်လောက်တောင်အဲ့ဩမိလို့လဲမသိဘူး ဒယ်ဒီကကုတင်ခြေရင်းမှာထိုင်လိုက်ပြီး

'ဒါလ် ဒါလ်!!!!'

'ရှင် ရှင်ဒယ်ဒီ'

'ဘာတွေအဲ့လောက်တောင်ငေးနေတာလည်း'

'ဒယ်ဒီ့အခန်းကအရမ်းမိုက်လို့ပေါ့ အကျယ်ကြီးဘဲ'

'အာ့ဆို လာ ဒီမှာလာထိုင်လေ'

ဒယ်ဒီကသူ့ဘေးနားကိုလက်ပုတ်ပြတော့ဒါလ်သွားထိုင်လိုက်တယ်ကုတင်ကြီးကအိစိအိစိနဲ့အိပ်လို့ကောင်းမယ့်ပုံဘဲ

'ဝါးး အရမ်းမိုက်တယ်မွေ့ယာကြီးကအထူကြီးအိပ်လို့ကောင်းမဲ့ပုံဘဲ'

'အာ့ဆိုဒီမှာဘဲအိပ်ပေါ့'

'ဟမ်' ဒယ်ဒီဘယ်လိုတောင်ပြောလိုက်တာလဲရင်ခုန်လွန်းလို့သေတော့မယ်

'ဒယ် ဒယ်ဒီကရောဘယ်မှာအိပ်မှာလည်း?'

'ဒီမှာဘဲလေ'

'ဟမ်!!'ပိုပြီးရင်ခုန်ရပြန်ပြီ

'ဟိုမှာလေ ဟိုဘက်မှာsofaရှိတယ်ဒယ်ဒီကစာဖတ်ရင် အဲ့မှာဘဲဖတ်တာ တစ်ခါတစ်လေဆိုရင် အိပ်တောင်ပျော်တယ် ဒယ်ဒီကဒီကုတင်မှာအိပ်တာခပ်ရှားရှားရယ်'

ဒယ်ဒီပြောမှကြည့်မိတယ် ပြတင်းပေါက်မှန်အကြီးကြီးရဲ့နားမှာsofaအကြီးကြီးတစ်လုံးရှိတယ်အဲ့sofaခြေရင်းဘက်မှာလည်းစာအုပ်စင်လေး ဒါလ်တစ်ရပ်လောက်တော့ရှိမယ် ဒါလ်လည်းသဘောပေါက်သွားပြီး

Daddy!!Where stories live. Discover now