Daddy-10

2.3K 144 2
                                    

ဆိုးလ်မြို့ကနေထွက်လာတဲ့ကားလေးကခုတော့ဘူဆန်ကိုရောက်လာခဲ့ပြီပေါ့

ဒီကောင်မ‌လေးညကမအိပ်ဘူးထင်တယ်အိပ်ပြီးလိုက်လာတာခုချိန်ထိမနိုးသေးဘူး လမ်းမှာအရမ်းလှတဲ့ရှုခင်းတွေပြမလို့ခေါ်နိုးတော့လည်းနှိုးမရတာနဲ့ဆက်‌မခေါ်နှိုးတော့ ခုတော့အိမ်ရောက်ပြီဆိုတော့နှိုးရတော့မယ်

'ဒါလ်...ဒါလ်....ဒါလ်ထတော့ဒယ်ဒီတို့ရောက်ပြီ'

တုပ်တုပ်မလှုပ် အိပ်နေလိုက်တာ ပြီးတော့ကားသံကြားလို့ထင်ပါတယ် ကျနော့ရဲ့ommaကထွက်လာတယ် ကျနောကားမှန်ချလိုက်တော့

'အော် ဘယ်သူများလည်းလို့ လာတာစောသားဘဲ' ပြီးတော့ဒါလ်ကိုမြင်သွားလို့ထင်တယ်

'omo!!သား မင်းမိန်းမခိုးလာတာလား!??'

'ဟာ ommaကလည်းတိုးတိုးပြောပါနိုးသွားအုံးမယ်'

'အမလေးနော် အဖြစ်ကိုသည်းနေတော့တာဘဲ'

'မဟုတ်-'

appa နဲ့ကျ‌နော့ညီ ပါရောက်လာတယ်

'ဘယ်သူလဲyoebo?'

'jiminလေကိုရဲ့'

'hyun!!!!!မတွေ့တာတောင်ကြာပြီ!!!'

'ဟိတ်ကောင် ရှူးး-'

ကျနောတို့အသံတွေကျယ်သွားလို့ထင်တယ်ဒါလ်လေးနိုးသွားပြီ

'ဝါးးးးးomo ဘယ်သူတွေလဲဟင်ဒယ်ဒီ?'

'ဒယ်ဒီ!!!!' ommaတို့သုံးယောက်သားပြိုင်တူအော်ကြတယ်

'hyunတို့ဘယ်အဆင့်ထိတောင်-'

'ဟျောင့်ပေါက်ကရမပြောနဲ့ကွ ommaနောက်မှရှင်းပြမယ် ခုကားပေါ်ကဆင်းပြီးအထုပ်တွေသယ်ရမယ်'

'အော် အေအေjihyun နင့်hyunကိုသယ်ပေးလိုက် ပြီးတော့သမီးလေးလာomoniနဲ့လိုက်ခဲ့နော်'

'ရှင်!!' ဆိုပြီးဒယ်ဒီ့ကိုကြည့်လိုက်တော့ဒယ်ဒီကလိုက်သွားလိုက်တဲ့

ဒါလ်ကားထဲကထွက်ထွက်ချင်းမြင်လိုက်ရတာကရေကူးကန်ကြီးပြီးတော့အဲ့ရေကူးကန်နောက်က အိမ်ကြီး ဒယ်ဒီကအဲ့လောက်ချမ်းသာမှန်းမသိခဲ့ဘူး အိမ်ကအဲလ်ဆာရဲ့နန်းတော်ကြီးကြလို့ အပြာရောင်မဟုတ်တာကလွဲလို့ပေါ့ ဟီး
အဲ့လိုငေးရင်းငေးရင်းနဲ့အိမ်ထဲပါသွားတော့တယ်

Daddy!!Where stories live. Discover now