Daddy-12

2.1K 142 0
                                    

Omoniတို့ထွက်သွားတော့ အိမ်ကြီးကတိတ်ဆိတ်နေတာ အပ်ကျသံတောင်မကြားရတဲ့အထိ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တဲ့ဒယ်ဒီက

'ဒါလ် ညစာဘာစားကြမလဲ?' တဲ့

'ဟမ် ဒယ်ဒီအဆင်ပြေသလိုလုပ်လိုက်ပါ ဒါလ်ကဘာဘဲဖြစ်ဖြစ်အဆင်ပြေတယ်'

'အိုခေ အဲ့ဒါဆို ဒယ်ဒီချက်လိုက်တော့မယ် ဒယ်ဒီ့လက်ရာမစားဖူးသေးဘူးမလား ဒါလ်ဆွေမျိုးပါမေ့သွားမယ် '

'တကယ်လား အာ့ဆို အားလုံးကိုမေ့သွားအောင်ချက်ပေး'

'မရပါဘူး!'

'ဟမ် ဒယ်ဒီဘဲဒယ်ဒီ့လက်ရာကဆွေမျိုးမေ့သွားမယ်ဆို!?'

'ဟုတ်တယ်လေ အားလုံးကိုမေ့လို့ရပေမဲ့ ဒယ်ဒီ့ကိုမေ့သွားလို့မရဘူးလေ'

*ဖြစ်နိုင်ရင်ဒယ်ဒီ့ကိုမေ့ပစ်ချင်တာအဲ့ဒါမှဒါလ်ဒယ်ဒီ့အပေါ်ဘာခံစားချက်မှမရှိတော့မှာ*
ဒါလ်လည်းဆက်မပြောချင်တာနဲ့
'ဟုတ်ပါပြီ အာ့ဆိုလည်း ဒယ်ဒီကလွဲပြီးကျန်တဲ့သူတွေကိုမေ့အောင် ချက်ပေးနော် ဟီးး'

'အိုခေ ဒယ်ဒီမင်းကြီးရဲ့သမီးတော်လေးသဘောပါခင်ဗျ'

'ခစ် ခစ် ခစ် ဒယ်ဒီကသိပ်နောက်တာဘဲ' သမီးလေးကခုမှဘဲပြုံးတော့တယ် သမီးကိုကြည့်ရတာဝမ်းနဲသလိုဖြစ်‌ေနလို့ရီစရာနဲနဲလေးပြောလိုက်တာ

'အော် ဒါနဲ့ ဒါလ်appaကိုဖုန်းဆက်ကြည့်မလို့'

'အာ ဟုတ်သားအခြေနေမေးရအုံးမယ်လေ ဆက်ကြည့်လိုက်'

'ဟုတ်'
ဒါလ်appaကိုဖုန်းဆက်ဖို့ဧည့်ခန်းထဲထွက်လာခဲ့တယ်

တူတူ***
'ဟယ်လို appa'

'ပြောသမီးလေး ရောက်ပြီလားအဆင်ရောပြေရဲ့လား'

'ဟုတ်appaအဆင်ပြေပါတယ် appaတို့ရော ommaရောဘာပြောသေးလဲဟင် ဒါလ်ကိုဆူမယ်တဲ့လား ဒါလ်လာသာလာရတယ် စိတ်သိပ်မဖြောင့်ဘူးappaကိုရောommaကိုပါအားလည်းနာတယ် ‌တောင်းလည်းတောင်းပန်ပါတယ်နော်'

'ဟာ သမီးရယ် အားနာစရာလည်းမလိုသလိုတောင်းပန်စရာလည်းမလိုဘူး ဒါလ်ရဲ့appaဘဲလေ သမီးရဲ့ommaလောက်က‌တော့အေးဆေး appaသေချာပြောပြထားလို့ခွင့်ပြုလိုက်တယ် ခုတော့မထနိုင်သေးဘူး အိပ်တုံး'

Daddy!!Where stories live. Discover now