Daddy-3

3.1K 157 9
                                    

ခုဆိုငါးနှစ်!! ငါးနှစ်တောင်ရှိပြီဒယ်ဒီနဲ့မတွေ့ရတာ ဒယ်ဒီကအလုပ်ကြောင့် နိုင်ငံရပ်ခြားကိုသွားရတာတဲ့appaကပြောတယ် သွားတုံးကလည်းနှုတ်မဆက်သွားဘူး လိုက်လဲမပို့ရဘူး အရင်နှစ်တွေတုံးကတော့ ဒယ်ဒီနဲ့နေ့တိုင်း vc ပြောဖြစ်ပေမဲ့ နောက်ပိုင်းကြတော့ဒယ်ဒီမအားဘူးဆိုလို့ ခနဘဲပြောရတယ် စကားမပြော‌ဖြစ်တဲ့နေ့တွေလည်းရှိလာတာပေါ့ နေပါစေအုံး ပြန်လာမှအတိုးချပြီးစိတ်ကောက်ပစ်မယ် ဟွန့်

'အမယ် သမီးဘာတွေတွေးနေတာတုံး ထမင်းစားမယ်လေ လာ'

ကိုယ့်အတွေးနဲ့ကိုယ်ommaလာတာတောင်မသိလိုက်ဘူး ဟီးး

'ဟုတ်ကဲ့ omma'

'ကဲလာ သမီးလာထိုင်'

'ဟင် appaကထမင်းစားပွဲကိုကြိုရောက်နေပါလား??ခါတိုင်းလိုက်ခေါ်နေရတာ'

'အမယ် သမီးလဲဘာထူးလဲဒီနေ့သမီးommaတတ်ခေါ်ရတာဘဲမဟုတ်ဘူးလား'

'အမလေးနော် သားအဖနှစ်ယောက်လုံး‌အတူတူပါဘဲ တစ်ယောက်ရှိနေရင်နောက်တစ်ယောက်ကိုခေါ်နေရစမြဲဘဲလေ'

'ကိုယ်ပြောသားဘဲသမီးလေးကကိုယ်နဲ့တူတာပါဆို'

'ကိုနမ်ဂျွန်း ရှင်နဲ့ကမကောင်းတာတွေဘဲတူတာကျန်တာကျမနဲ့တူတယ် ငါ့သမီးရုပ်လေးကချောမှချော အဲ့ဒါကျမနဲ့တူလို့'

'ကိုယ်နဲ့လည်းတူပါတယ်သေချာကြည့်စမ်းပါအချစ်ရယ်'

'ဟုတ်တယ် တူတယ် ရှင်နဲ့တူတာကဟိုတစ်နေ့က ရှင့်သမီးကျမကိုသူဝယ်လာတဲ့sunglassလာကြွားတာ တပ်တောင်မတပ်ရသေးဘူးကျိုးရော အဲ့ဒါရှင်နဲ့တူလို့လေ'

'ommaကတော့တစ်ကွက်ပြလိုက်ပြီappaရေ'

အိမ်ထဲမှာတော့ရယ်သံလေးတွေဆူညံသွားတာပေါ့

_____________________

ဒေါက်ဒေါက်*

'သမီးရယ်တံခါးခေါက်စရာမလိုပါဘူးဝင်ခဲ့လေ'

'ဟုတ်ပါဘူး ommaရဲ့အိပ်နေတယ်ထင်လို့'

'အော် သမီးရယ်အစောကြီးရှိသေးတာကိုommaတို့ကဒီအချိန်မှမအိပ်တာ'

'ဟုတ်ဘူးလေ တစ်ခုခုလုပ်နေရင်းဝင်လာမိ‌ရင်ဘယ်လို့လုပ်မှာလဲ ဟီး'

Daddy!!Where stories live. Discover now