Part - 5 (Uni)

0 0 0
                                    

အိမ်ရောက်တာနဲ့သူအိပ်ယာပေါ်ခြေပစ်လက်ပစ်လှဲချလိုက်
ပြီးသက်ပြင်းမောတခုကိုချရင်း.....

'ဟူး...!'

'ကိုယ်တော့နားမလည်တော့ဘူး....ဖြူ'

ထို့နောက်.....ချစ်ရသူဆီတစ်ကြောင်းထဲသောစာလေးကိုပို့
လိုက်သည်။

'အရမ်းချစ်တယ်.....ဖြူ'

........................................................................
တစ်လကြာပြီးနောက်

    ဒီနေ့သူဖြူနဲ့လွန်ခဲ့တဲ့တစ်လကတွေ့ခဲ့တဲ့နေရာလေးကို
ရောက်နေမိသည်။ဒီတစ်လအတွင်းမှာသူ့ဂတိအတိုင်းဖြူ့ဆီကိုအဆက်အသွယ်မလုပ်ခဲ့ပါဘူး။အရမ်းလွမ်းပေမယ့်လည်း
ဖြူစိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ။

ူသူ့လက်ကနာရီကိုငုံ့ကြည့်မိတော့ချိန်းတဲ့အချိန်ထက်နာရီဝက်
တောင်ကျောနေပြီပဲ။ဒါပေမယ့်ဖြူလာမှာပါ။ဖြူသူ့ဆီကို
အေရာက္လာမွာပါ။

တစ္နာရီ.....

နှစ်နာရီ......

သူ့စိတ်ထဲထင့်နေတာကြောင့်သူ့ဖုန်းContacts Listထဲ
ကပထမဆုံးနံပါတ်လေးကိုနှိပ်လိုက်သည်။ဒါပေမယ့်တဖက်မှ
ဖြူ့ဖုန်းလေးကတော့ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။သူဘာ
လုပ်ရမလဲ။ဖြူ့အိမ်ကိုလိုက်သွားရန်ဆုံးဖြတ်လိုက်ချိန်မှာပဲ
သူ့ဖုန်းထဲသို့စာလေးတစ်စောင်.....

'ကိုယ်....ဖြူကိုယ့်ဆီကိုမလာနိုင်တာခွင့်လွှတ်ပါ။
ဖြူ့ကိုမဆက်သွယ်ပါနဲ့တော့......ဖြူကိုယ်နဲ့ဘယ်တော့မှပြန်
ပြီးလက်တွဲမှာမဟုတ်လို့ပါပဲ။ဖြူ့ရဲ့ဆုံးဖြတ်ချက်ကိုလိုက်
လျောပေးပါ'

'တောက်....ဘယ်လိုအဓိပ္ပယ်မရှိတဲ့လမ်းခွဲခြင်းမျိုးလဲ'

သူဖုန်းထဲကစာကိုအကြိမ်ကြိမ်ဖတ်ပြီးတော့ခံပြင်းဒေါသဖြစ်မိ
သည်။'ဟက်'...သူတို့ရဲ့လမ်းခွဲခြင်းကလည်းယုတ္တိမဆန်
လိုက်တာစာလေးတစ်စောင်နဲ့ပဲအဆုံးသတ်သွားရတယ်လို့
တကယ်ပဲနားမလည်နိုင်တော့ဘူး။အင်းလေ....ကိုယ်ကဘယ်
လောက်ပဲချစ်တယ်ဆိုဦးတော့ ကိုယ့်ကိုမှမချစ်တော့တဲ့သူတစ်
ယောက်ကိုလည်းအတင်းကြီးဆွဲမထားချင်တော့ပါဘူး။
အဲ့ဒါကြောင့်ပဲ.....

'ကောင်းပြီလေ....မင်းဘက်ကအကြောင်းပြချက်မရှိခါးခါး
သီးသီးလမ်းခွဲချင်နေတော့လည်း.....ကိုယ်တို့ဒီနေရာမှာပဲ
အဆုံးသတ်ကြတာပေါ့...စိတ္ခ်ပါ မင်းရှေ့ကိုကိုယ့်ရဲ့အရိပ်
ကလေးတောင်မှမကျစေရဘူး အဖြူရောင်'

..စာလေးဆုံးသွားတဲ့နောက်မှာတော့ သူ့မျက်ရည်များဟာလဲ
ဖုန်းScreenလေးပေါ်သို့...




'သူမ'ဖန္ဆင္းေသာ''သူမ'ဖန်ဆင်းသော'Where stories live. Discover now