Part - 6 (Uni)

0 0 0
                                    

'ဒေါက်.....ဒေါက်'

တံခါးခေါက်သံကြောင့်သူ့အတွေးတို့သည်လည်းယခုပစ္စုပန်ဆီသို့ပြန်လည်ရောက်ရှိလာသည်။ပြီးတော့သူ့ပါးပြင်မျက်ရည်စ
တွေကိုလည်းလက်ခုံနှင့်ပွတ်သုတ်လိုက်သည်။

'Boss'

'ဝင်ခဲ့ပါ'

'Bossအတွက်ရောက်လာတာလေး....'

သရဖီလှမ်းပေးလိုက်တာကတော့သူစောင့်မျှော်နေတဲ့...အျပာ
ရောင်စာအိတ်လေးတစ်အိတ်.....သူရင်ခုန်စွာနဲ့စာအိတ်လေး
ကိုလှမ်းယူလိုက်ပြီး....

'ကျေးဇူး....သရဖီ....နောက်နှစ်နာရီအတွင်းကိုယ့်အခန်းထဲ
ကိုဘယ်သူ့ကိုမှဝင်ခွင့်မပေးပါနဲ့ဦး....'

'ဟုတ်ကဲ့ပါ....Boss'

သရဖီထွက်သွားပြီးနောက်စာအိတ်လေးကိုဖွင့်လိုက်တယ်ဆို
ရင်ပဲ....စာရွက်ပေါ်ကလက်ရေးလှလှလေးတွေ....

ကို
နေကောင်းရဲ့လား.....
ဖြူဒီစာလေးကိုရေးတာနောက်ဆုံးပါပဲ.....

ပထမဆုံးစာလေးနှစ်ကြောင်းနဲ့ပဲသူ့မျက်ဝန်းမှာလဲ.....သူစာ
လေးကိုဆက်ပြီးတော့ဖတ်လိုက်သည်။

ဖြူကိုအခုလောက်ထိပဲချစ်ပါတော့....ကိုယ့်ဘဝအတွက်
အနာဂတ်မှာပျော်ရွှင်စရာအချိန်လေးတွေကိုရှာဖွေပါတော့....
ကိုယ့်ကိုကိုယ်လဲအပြစ်တွေတင်ပြီးအကြာကြီးပိတ်လှောင်
မထားပါနဲ့တော့....နောင်တတွေလဲရမနေပါနဲ့။အရာရာအားလုံးဟာဖြူတို့ဖြစ်ချင်လို့ဖြစ်ခဲ့တာမှမဟုတ်တာပဲဖြစ်ချိန်လို့ဖြစ်ခဲ့တာချည်းပါပဲ။ဘယ်သူ့မှာမှအပြစ်မရှိပါဘူး။ကိုလဲအရမ်းပင်
ပန်းနေပါပြီ။ဖြူ့ကိုဒီလောက်နဲ့ပဲမေ့လိုက်ပါတော့လား...ကို့ကို
ပျော်ရွှင်တဲ့ဘဝလေးနဲ့နေတာမြင်ချင်လှပြီ။ဖြူ့ကိုမမေ့ဘူးဆိုတာလည်းသိပါတယ်။ကျေးဇူးလည်းတင်ပါတယ်။ဒါပေမယ့်
အကြာကြီးသတိရမနေပါနဲ့။ကို့ဘဝပျော်ပျော်ရွှင်ရွှင်နဲ့ရှေ့ဆက်
ပါ။အခုစာလေးကိုဖတ်ပြီးတော့ငိုနေပြီလားကို....မငိုပါနဲ့....
စိတ်မကောင်းလဲမဖြစ်ပါနဲ့....ဖြူ့တိုရဲ့ဖူးစာဟာဒီလောက်ထိပဲဆုံစည်းပေးတယ်လို့ထင်ပါတယ်။ဒီဘဝမှာဖြူချစ်တဲ့မိသားစု
ရယ်ကိုရယ်.....ဖြူချစ်သူတွေနဲ့ဆုံတွေ့ခွင့်ရတာကိုပဲဖြူ့
အတွက်လုံလောက်သွားပါပြီ။အရာရာအားလုံးအတွက်ကျေးဇူး
တင်ပါတယ်ကိုရေ.....ဖြူ့ကိုလဲအရမ်းချစ်ပေးလို့.....ဖြူကလဲအရမ်းချစ်ပါတယ်.....

ဖြူ
စာလေးဆုံးသွားတဲ့နောက်မှာတော့.....သူလဲအရုပ်ကြိုးပျက်ပါပဲ။စာလေးကိုအခေါက်ခေါက်ဖတ်ရင်းအားရပါးရငိုကြွေးလိုက်
ပါတယ်။မဟုတ်ဘူးဖြူ....မဟုတ်ဘူးကိုမင်းကိုမေ့လို့မရသေးဘူး။မေ့လည်းမမေ့ချင်သေးဘူး.....ဒါပေမယ့်ဖြူဖြစ်စေချင်
သလိုကိုကြိုးစားမှာပါ။အခုတော့.....မဟုတ်သေးဘူးဖြူ.....
အခုတော့ဖြူ့ကိုလွမ်းခွင့်လေးပေးပါဦး.....

........................................................................

ပထမဆုံးficလေးမို့လိုအပ်တာလေးတွေရှိရင်လည်းခွင့်
လွှတ်ပါနော်။commentလေးတွေရေးပြီးတော့
လည်း.....အားပေးလို့ရပါတယ်နော်.....

'သူမ'ဖန္ဆင္းေသာ''သူမ'ဖန်ဆင်းသော'Where stories live. Discover now