Part - 16(Uni)

2 0 0
                                    

ဒီနေ့ဆိုမြူခိုးရုံးမတက်တာသုံးရက်မြောက်နေ့သူ့ဆီကိုဖုန်း
မဆက်ပဲစာတိုလေးသာပို့ပြီးခွင့်တိုင်တာကလွဲပီးဘာမှမပြော
ဖုန်းနံပါတ်တောင်သူဌေးနဲ့အတွင်းရေးမှူးအရယူထားတာပဲ
ဒါပေမယ့်တစ်ခါတစ်လေမြူခိုးကိုကြည့်ရတာတခုခုကိုဖုံးကွယ်
ထားသလိုခံစားရတယ်....

ထိုအချိန်...

'Knock...Knock'

'ဝင်ခဲ့ပါ'

'ဟုတ်ကဲ့'

'သူဌေးလက်မှတ်ထိုးပေးရမယ့်စာရင်းလေးတွေလာပို့တာပါ'

ကိုလှကျော်ပေးတဲ့စာရင်းစာအုပ်မှာလက်မှတ်ထိုးရင်းစကား
စလိုက်သည်....

'မြူခိုးဆီကဖုန်းလေးဘာလေးဆက်သေးလားကိုလှကျော်'

'ခင်ဗျာ...'

အဆက်အစပ်မရှိတဲ့သူဌေးရဲ့မေးခွန်းကြောင့်သူဘာဖြေလလို့
ဖြေရမှန်းမသိ...

'သြော်...နေမကောင်းလို့ဆိုပြီးစာတိုmassageပဲပို့ပြီးအခု
ထိရုံးမတက်သေးလို့ကိုလှကျော်တို့ကျတော့ဝန်ထမ်းအချင်း
ချင်းဖုန်းအဆက်အသွယ်တွေနဲ့အရမ်းရင်းနှီးလားလို့မေးကြည့်
တာ...'

'ဟုတ်ကဲ့...ကျွန်တော်တို့နဲ့လည်းအရမ်းရင်းရင်းနှီးနှီးကြီးမ
ဟုတ်ဘူးသူဌေး...မြူခိုးကဝန်ထမ်းတွေနဲ့လည်းအရမ်းရော
ရောနှောနှောကြီးမနေဘူး...အလုပ်နဲ့ပတ်သက်တာကလွဲလို့
...ကြီးကျယ်တဲ့ပုံစံလည်းမဟုတ်ဖူး....ဖော်ရွေတယ်အနေ
တည်တာပေါ့...သူဌေးမသိလို့အခုကုမဏ္႑ီကဝန်ထမ်းကောင်
မလေူတစ်ချို့ဆိုမြူခိုးကြိတ်ကြွေနေတဲ့သူတွေတောင်ရှိတယ်။
မြူခိုးအသားဖြူဖြူချောချောလေးဆိုတော့....မသိရင်အထက်
တန်းလွှာလိုပုံစံလေး....'

'ကိုလှကျော်'

'ခင်ဗျာ'

'ကျွန်တော်မေးတာမြူခိုးကဖုန်းလေးဘာလေးဆက်သေးလား
ဘဲမေးတာလေ...'

'ဟီးဟီး...ကျွန်တော်စကားတွေအများကြီးပြောမိသွားပြီနဲ့တူ
တယ်...'

'သိရင်လည်းပီးရော...ရော့လက်မှတ်လည်းထိုးပြီးပီဆိုတော့
လုပ်စရာရှိတာသွားလုပ်တော့...'

'ဟုတ်ကဲ့သူဌေး...လိုအပ်တာရှိရင်လှမ်းခေါ်လိုက်နော်'

'ဟုတ္ပီ'

ကိုလှကျော်ထွက်သွားပြီးနောက်....တိုးတိုးရေရွတ်နေမိတဲ့
နာမည်တစ်ခု...

'မြူ.......ခိုး'

........................................................................

ဒီနေ့သူ့ရုံးခန်းထဲဝင်ဝင်ချင်းသူ့အခန်းလေးကခါတိုင်းထက်
သန့်ရှင်းပီးမွှေးနေသလိုပဲ....စားပွဲပေါ်ကပန်းအိုးလေးထဲမှာ
တော့အရမ်းလှတဲ့Hawthorn ပန်းလေးတွေဒီရုံးစရောက်
တဲ့နေ့မြူခိုးကိုနှင်းဆီပန်းအဖြူမထိုးဖို့မှာပြီးကတည်းကတခြား
ပန်းလေးတွေတစ်နေ့တစ်မျိုးမရိုးစေရ။ဒီတစ်ခါတော့ Hawthornပန်းလေး...Hawthornပန်းပွင့်လေးတွေ
မှာတခြားအဓိပ္ပယ်တမျိုးရှိတယ်....အဲ့ဒါကေတာ့ 'Hope'

'မြူခိုးရုံးပြန်တက်ပြီနဲ့တူတယ်...ဒါပေမယ့်အပြင်မှာလည်းမ
တွေ့ခဲ့ပါဘူး...ဘယ်သွားပါလိမ့်'

'ဒေါက်ဒေါက်'

တံခါးခေါက်သံနဲ့အတူအထဲကိုဝင်လာတဲ့သုံးရက်လောက်
မတွေ့ရတဲ့မျက်နှာပိုင်ရှင်...တော်တော်လေးပိန်သွားသလိုပဲ...

'အဟမ်း...Boss'

သူဘယ်လောက်တောင်မြူခိုးကိုကြည့်ပြီးအတွေးလွန်နေသလဲ
ဆိုချောင်းဟန့်သံကြားမှပဲသတိရတော့တယ်။

'ကျွန်တော်ဒီနေ့ရုံးပြန်တက်ပါပြီ...နေမကောင်းဖြစ်နေတာနဲ့
BossကိုMassageလေးပဲပို့ပြီးခွင့်တိုင်ရလို့...တောင်းပန်
ပါတယ်'

'ရပါတယ်...အခုကောသက်သာသွားပြီလားပိန်သွားသလိုပဲ'

'ဟုတ်ကဲ့....သက္သာသြားပါပီBoss'

'Okလေ'

'အဲ့ဒါဆိုကျွန်တော်လုပ်စရာရှိတာသွားလုပ်တော့မယ်Boss
စားပွဲပေါ်မှာBossအတွက်ကော်ဖီအဆင်သင့်ဖျော်ထားပြီး
ပါပြီ...'

'ကောင်းပါပြီ...'

မြူခိုးအခန်းထဲကထွက်သွားတော့မှသူ့စားပွဲပေါ်ကကော်ဖီ
ခွက်ကိုယူတစ်ငုံသောက်ကြည့်လိုက်သည်။

'အင်း....ဒီအရသာလေး'

........................................................................

အရေးအသားတွေကလိုအပ်ချက်တွေအများကြီးရှိနေဆဲ
မလို့ခွင့်လွှတ်ပေးပါလို့....အားပေးတဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ်....ဒီ့ထက်မကအရေးအသားကောင်း
အောင်းကြိုးစားသွားပါမည်....😘😘

'သူမ'ဖန္ဆင္းေသာ''သူမ'ဖန်ဆင်းသော'Where stories live. Discover now