Part -8 (Uni)

0 0 0
                                    

'ဒီနေ့တော့သူရုံးကိုစောစောပဲထွက်လာလိုက်သည်။ဒီနေ့သူ့
အတွင်းရေးမှူးနေရာမှာအစားထိုးဖို့interviewကိုသူ
ကိုယ်တိုင်လုပ်မှာမို့....အကြောင်းမှာသူ့အတွင်းရေးမှူး သရဖီ ကသူ့ကောင်လေးနဲ့လက်ထပ်ပြီးတော့စင်္ကာပူမှာအပြီးလိုက်နေဆိုတော့သူ့အတွက်လက်မောင်းတဖက်ပြုတ်သလိုပါပဲ။
အရမ်းအားကိုးရပြီးတော့သစ္စာရှိတဲ့လူယုံတစ်ယောက်ရဖို့ဆိုတာလည်းမလွယ်ပါဘူး။ဒါပေမယ့်လည်းလူတစ်
ယောက်ရဲ့အနာဂတ်ဆိုတာလည်းရှိသေးတော့သူအတင်းကြီးမတောင်းဆိုနေတော့ပါဘူး။ရုံးခန်းထဲသူရောက်တော့...
သူ့အတွက်ကော်ဖီကအဆင်သင့်....သူintercorm
ကေန....

'သရဖီ ကိုယ့်ဆီခဏလောက်...'

'ဟုတ်ကဲ့Boss...'

သရဖီဝင်လာပြီးနောက်သူစာအိတ်လေးကိုသရဖီဘက်ထိုးပေး
လိုက်ရင်း.....

'ဒါက ကိုယ့်ရဲ့မင်္ဂလာလက်ဖွဲ့ပါ'

သူမဖွင့်မကြည့်လဲအထဲမှာ ချက်လက်မှတ်ရှိနေမယ်ဆိုတာ
သဘောပေါက်သောကြောင့်....သူမငြင်းမယ်ပြင်လိုက်တော့

'Boss....ဟို'

'မငြင်းပါနဲ့သရဖီ ကိုယ်နဲ့လက်တွဲလုပ်လာတဲ့တစ်လျှောက်
အလုပ်အပေါ်မှာသစ္စာရှိတာရောစေ့စပ်သေချာတာရော
ကိုယ့်အပေါ်မှာလဲ အစ်ကိုတစ်ယောက်လို ဂရုစိုက်ပေးလို့
ဆုခ်တာပါ ပါတယ်...ကျေးဇူးလဲတင်ပါတယ်'

'ဟုတ်ကဲ့ သရဖီကသာကျေးဇူးတင်ရမှာပါ....အခုလိုအရမ်း
ကောင်းတဲ့အလုပ်ရှင်နဲ့တွေ့ရလို့....'

သူသရဖီရှေ့Hand Shakeလုပ်ရန် လက်လေးထိုးပေး
ရင်း...

'ကိုယ်ချစ်တဲ့သူနဲ့သာယာတဲ့ဘဝလေးကိုထာဝရတည်ဆောက်
နိုင်ပါစေ'

'ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်....Boss'

'တခုလောက်ပြောလို့ရမလားBoss'

'Okပြောပါ သရဖီ'

'ကျွန်မရဲ့သူဌေးကိုလည်းအမြဲတမ်းပြုံးပျော်နေတာမြင်ချင်ပါ
တယ်.....'

သူ သရဖီကိုပြုံးရုံသာပြုံးပြလိုက်သည်....တချို့အရာတွေကို
သူမလည်းသိသင့်သလောက်သိထားသည်မို့....

'ကျွန်မကိုခွင့်ပြုပါဦး...Boss'

'ခဏေလး သရဖီ တခုလောက်ကိုယ်Requestလုပ်လို့ရမ
လား....သရဖီကဒီလကုန်လောက်မှသွားမှာဆိုတော့အသစ်
ရောက်လာမယ့် အတွင်းရေးမှူးကို နည်းနည်းလောက်သင်
ပေးခဲ့လို့ရမလား....ဒီနေ့Interviewကိုလည်း သရဖီပဲ
သွားလိုက်တော့....ကျွန်တော်နဲ့အံဝင်ဂွင်ကျ ဖြစ်မယ့်သူကို
သရဖီကပိုပြီး ရှာဖွေနိုင်မယ်လို့ယုံကြည်ပါတယ်....'

'စိတ္ခ်ပါBoss....သရဖီအကောင်းဆုံးဆောင်ရွက်ပေးပါ့မယ်
မသွားခင်အကုန်လုံးသင်ကြားပေးခဲ့ပါ့မယ်'

'Thank alot Tharaphi'

........................................................................

'သူမ'ဖန္ဆင္းေသာ''သူမ'ဖန်ဆင်းသော'Where stories live. Discover now