Part - 13(2)(Uni)

0 0 0
                                    

     ဒီနေ့Super Sundayဆိုတော့သူညိုနဲ့တွေ့ဖို့
Mr.Guitarကိုထွက်လာလိုက်သည်...
ညိုကOperationတခုဝင်ပြီးမှလာမယ်ဆိုတော့သူပဲအရင်
ထွက်လာလိုက်သည်။ဆိုင်ထဲရောက်တော့သူ့ဝိုင်းနဲ့သူပြည့်နေ သည်။သူလဲဒေါင့်စွန်းကလူသိပ်မမြင်နိုင်တဲ့အေးဆေးတဲ့နေရာ
လေးမှာထိုင်လိုက်သည်။သူကော်ဖီတစ်ခွက်မှာပြီးအေးဆေး
စောင့်ရန်စိတ်ကူးလိုက်သည်။

သူကော်ဖီတစ်ခွက်ကိုအေးဆေးသောက်ရင်းညိုအကြောင်း
တွေးနေမိသည်။ဘာလိုလိုနဲ့ညိုတောင်ဆရာဝန်မကြီးဖြစ်နေ ပြီ။ဖြူမရှိကတည်းကညို့ကိုညီမအရင်းလေးလိုစောင့်ရှောက်
ပေးရင်းဆရာဝန်တစ်ယောက်ဖြစ်အောင်ထောက်ပ့ံပေးခဲ့တာ
ပင်။ညိုကလည်းအပြစ်ပြောစရာမရှိအောင်လိမ္မာရေးခြားရှိတဲ့
မိန်းကလေးတစ်ယောက်ဖြစ်သည်။

ထိုအချိန်.....

'မင်္ဂလာပါခင်ဗျာ....ကျွန်တော်တို့ဆိုင်မှာအမြဲအားပေးနေတဲ့
Customerတစ်ယောက်ဖြစ်တဲ့ကိုမြူခိုးကနေသီချင်းလေး
တပုဒ်နဲ့ဖျော်ဖြေမှာဖြစ်ပါတယ်...'

သူ့အတွေးတွေပျံ့လွှင့်နေတုန်းဆိုင်ဝန်ထမ်းလေးတစ်ယောက်
ရဲ့နာမည်တစ်ခုကိုခေါ်လိုက်စဉ်မှာတော့သူရဲ့မျက်ခုံးတို့ပင့်
တက်သွားသည်။သူရဲ့အကြည့်တို့လဲစင်ပေါ်ရောက်သွား
သည်။စင်ပေါ်ကကောင်လေးတစ်ယောက်ကိုတွေ့လိုက်စဉ်
မှာတော့သူ့မျက်လုံးတွေပြူးကျယ်သွားသည်။သူလူမှားတာ
လား....မဖြစ်နိုင်ပါ။ရုံးကိုလာနေကျပုံစံမျိုးမဟုတ်ပိုပြီးကြည့်
ကောင်းတဲ့အပြင်အဆင်နဲ့ဆံပင်တွေကိုလည်းသပ်သပ်ရပ်ရပ်
မဖီးထားဘဲဒီအတိုင်းနှဖူးပေါ်ချထားသည်။ပြီးတော့အဆင့်အ
တန်းရှိတဲ့လူငယ်ပုံစံမျိုး....မြူခိုးကတော့သူ့ကိုမမြင်ပါ။သီချင်း
တစ္ပုဒ္ကိုပဲFeelအပြည့်နဲ့ဆိုနေသည်။သူကတော့အ့ံသြခြင်း
များစွာနဲ့ကြည့်နေမိသည်။သီချင်းဆိုပြီးလို့စင်ပေါ်ကဆင်းလာတဲ့အချိန်ထိပတ်ဝန်းကျင်ကိုသတိမထားမိသောမြူခိုး...သူနဲ့
ရွယ်တူကောင်လေးနှစ်ယောက်နဲ့စကားပြောပြီးခဏကြာတော့
ဆိုင်ထဲကထွက်သွားသည်။သူလဲအဲ့တော့မှသတိဝင်လာပြီး
လိုက်ကြည့်လိုက်ချိန်မှာတော့ဒုတိယအကြိမ်အံ့သြလွန်းလို့
ပါးစပ်အဟောင်းသားဖြစ်သွားသည်။အနီရောင်ပြိုင်ကားလေး
ကိုကိုယ်တိုင်မောင်းသွားတဲ့မြူခိုးရယ်ပါ.....

'ဘာတွေလဲ....မြူခိုး'

'မင်းရဲ့မျက်နှာဖုံးအောက်ကပုံစံအမှန်ကဘာလဲ...'

'မင်းက...ဘယ္သူလဲ'

'ဘာကြောင့်ငါ့အနားကိုချဉ်းကပ်လာတာလဲ..မင်းရဲ့အကြောင်း
ကိုဒီ့ထပ်ပိုသိရမှဖြစ်တော့မယ်...မြူခိုး'

........................................................................

'သူမ'ဖန္ဆင္းေသာ''သူမ'ဖန်ဆင်းသော'Tempat cerita menjadi hidup. Temukan sekarang