Part - 13(1)(Zawgyi)

24 0 0
                                    

ဒီနေ့ရှားရှားပါးပါးပိတ်ရက်လေးအိမ်မှာအေးဆေးနားပြီးညနေလောက်မှသူရဲ့ဘေဘီလေးနဲ့အာကာတို့နဲ့ချိန်းထားတဲ့
Mr.Guitar ကိုထွက်လာလိုက်သည်။သူရောက်တော့
အာကာကသူတို့ထိုင်နေတဲ့ဝိုင်းကနေလက်လှမ်းပြပြီး.....

'မြူ.....ငါတို့ဒီမှာ'

'အေး'

'မတွေ့တာတောင်ကြာပြီ...ငါ့သူငယ်ချင်းငါတို့ကိုပစ်ထားတယ်
ဘယ်လိုလဲမင်းရဲ့အခြေအနေ'

ရောက်ရောက်ချင်းသူရဲ့ကိုလှမ်းမေးလိုက်တဲ့အာကာကြောင့်
သူသက်ပြင်းချရင်း.....

'ဒီလိုပါပဲကွာ...'

'စိတ်မညစ်ပါနဲ့ကွာအဆင်ပြေသွားမှာပေါ့'

သူရိန်ရဲ့အားပေးစကားကြောင့်သူခေါင်းညိတ်ပြလိုက်သည်။
အာကာနဲ့သူရိန်ဆိုသည်မှာသူရဲ့ငယ်ပေါင်းတွေသူရဲ့အ
ကြောင်းတွေကိုအကုန်သိထားတဲ့သူတွေပြီးတော့သူဘယ်လို
ပုံစံပဲဖြစ်ပါစေသူ့အနားမှာအမြဲတမ်းအားပေးနေတဲ့သူငယ်ချင်း
ကောင်းတွေ...

'မြူ...မင်းဒီမှာမဆိုတာကြာပြီရောက်တုန်းလေးတပုဒ်လောက်
ဆိုပါလား...'

'ဟာ...မင်းကလဲ'

'လုပ်ပါကွာမင်းကလဲ...တခါတလေလေးတွေ့တာကို'

'အေးကွာငါလဲနည်းနည်းFeelချင်နေတာနဲ့ဆိုတာပေါ့'

ဒီဆိုင်လေးကသူတို့သူငယ်ချင်းသုံးယောက်အမြဲထိုင်နေကျ
ဆိုင်လေးဆိုင်ကဝန်ထမ်းတွေနဲ့တောင်တော်တော်လေးသိနေ
ပြီ.....ပြီးတော့ဆိုင်မန်နေဂျာကအာကာအစ်ကိုရဲ့သူငယ်ချင်း

'မင်္ဂလာပါခင်ဗျာ...ကျွန်တော်တို့ဆိုင်မှာအမြဲအားပေးနေတဲ့
Customerဖြစ်တဲ့ကိုမြူခိုးကနေသီချင်းတပုဒ်နဲ့ဖျော်ဖြေမှာ
ဖြစ်ပါတယ်...'

'အားလုံးမင်္ဂလာပါခင်ဗျ....ကျွန်တော့နာမည်ကမြူခိုးပါ
ကျွန်တော်ကအဆိုတော်တယောက်တော့မဟုတ်ပါဘူး
သီချင်းဆိုတာကိုနည်းနည်းဝါသနာပါလို့ဒီဆိုင်ကအသိ
အစ်ကိုတယောက်အကူညီတောင်းထားတာပါသီးခံပြီး
တော့အားပေးကြပါခင်ဗျ.....'

စားပွဲဝိုင်းတွေကအကြည့်တွေကသူ့ဆီရောက်လာသည်။
စင်ပေါ်ကအသားဖြူဖြူချောချောလေးနဲ့ကောင်လေး
တစ်ယောက်ဆီကအကြည့်တွေမခွါနိုင်ကြပေ။

'သူမ'ဖန်ဆင်းသော''သူမ'ဖန်ဆင်းသော'Tempat cerita menjadi hidup. Temukan sekarang