Part - 15(Uni)

3 0 0
                                    

'နင်ကငါ့ချစ်သူကို လုယူမယ့်သူ....နင့်ကြောင့်ငါသေရတာ
....နင့်ကိုဘယ်တော့မှခွင့်မလွှတ်ဘူး မြူခိုး...'

'မဟုတ္ဘူး....မဟုတ်ပါဘူး
ကျွန်တော်လုပ်တာမဟုတ်ဘူး....'

ကယောင်ကတမ်းနှင့်လန့်နိုးလာချိန်မှာတော့သူ့တစ်ကိုယ်လုံး
ချေွးစေးများနှင့်မောဟိုက်နေသည်။ဖန်ခွက်ထဲကရေကိုမော့
သောက်လိုက်ပြီးစားပွဲပေါ်ကဒဏ္႑ာရီစာအုပ်အမဲလေးဆီအ
ကြည့်ရောက်စဉ်မှာတော့....

'ညက....ဒီစာအုပ်ဖတ်ပြီးငါအိပ်ပျော်သွားတာပဲ...'

နာရီကြည့်လိုက်တော့မနက်ငါးနာရီသူပြန်အိပ်ချင်စိတ်လည်း
မရှိတာနဲ့ဝရန်တာဘက်ထွက်လာလိုက်သည်။ပြီးတော့အေး
မြတဲ့လေကိုအားပါးတရရှုရှိုက်လိုက်ပြီး....

'ဒီအိပ်မက်ဆိုးတွေကနေကျွန်တော်ဘယ်တော့များမှလွတ်
မြောက်မှာလဲ...'

ဒီနေ့အလုပ်ကိစ္စချိန်းထားတာတွေရှိလို့ရုံးကိုစောစောထွက်
လာရပေမယ့်လူကနေလို့မကောင်းပါ။အခုလိုဖြစ်တဲ့အချိန်
တွေဆိုအမြဲတမ်းနေမကောင်းဖြစ်တတ်တဲ့ကျွန်တော့ကို
မာမီကတော့ခွင့်တစ်ရက်လောက်တော့ယူစေချင်ပေမယ့်
ကိုကိုမျက်နှာလေးကိုတွေ့လိုက်ရရင်တော့သက်သာသွား
လိမ့်မယ်ထင်သည်။သူ့ဘဝကနေမြင့်လေအရူးရင့်လေဆို
သလိုပါပဲ။

ဒီနေ့တစ်နေ့လုံးအစည်းအဝေးနဲ့အပြင်ကဧည့်တွေကိုတွေ့
တာနဲ့သူ့ရုံးကိုပြန်ရောက်ချိန်မှာတော့နေ့လည်တစ်နာရီ
တောင်ခွဲနေပြီဖြစ်သည်။ထမင်းစားချိန်လဲကျော်နေပြီဆိုတော့
ဗိုက်ထဲကလည်းအချက်ပြနေပြီ။အပြင်လဲထွက်မစားချင်တာ
နဲ့မြူခိုးကိုသူ့အခန်းထဲမှာပဲထမင်းစားဖို့ပြင်ဆင်ခိုင်းလိုက်
သည်။

မြူခိုးကသူ့အတွက်အစားအသောက်များပြင်ဆင်နေချိန်
သူလဲစားပွဲပေါ်ကစာရင်းတွေကိုစစ်နေလိုက်သည်။
ဘာရယ်မဟုတ်လုပ်စရာရှိတာများလုပ်နေတဲ့မြူခိုးဆီ
အကြည့်ရောက်စဉ်မှာတော့.....

သူအခုမှသတိထားမိတယ်....တစ်မနက်လုံးစကားလဲသိပ်
မပြောပဲမျက်နှာလဲသိပ်မကောင်းတဲ့မြူခိုးကအပေါ်အနွေး
ထည်ကိုထပ်ဝတ်ထားသည်။နေများမကောင်းလို့လား။
ဟိုတစ်ခါကိစ္စကိုအခုထိစိတ်ဆိုးနေတာလား။ဟိုတစ်ခါကိစ္စ
ဖြစ်ပြီကတည်းကစကားလည်းအများကြီးမပြောဖြစ်ကြ။
အလုပ်မအားတာလဲပါသည်။သူလဲသူလုပ်စရာရှိတာလုပ်
မြူခိုးကလည်းအခုဆိုအလုပ်ထဲမှာတော်တော်လေးကျွမ်း
ကျင်လာသည်။အလုပ်နဲ့ပတ်သတ်ရင်အပြစ်ပြောစရာမရှိ။
ဒါပေမယ့်ဒီလိုအခြေနေကြီးကိုတော့သူသဘောမကျပေ။
အဲ့ဒါကြောင့်....

'သူမ'ဖန္ဆင္းေသာ''သူမ'ဖန်ဆင်းသော'Where stories live. Discover now