Part - 7(Zawgyi)

24 0 0
                                    

ဖြူ
အသက်(၂၃)နှစ်

အုတ်ဂူဖြူဖြူလေးပေါ်မှာသူမအကြိုက်ဆုံးသောနှင်းဆီပန်း
အဖြူရောင်လေးကိုတင်ပေးလိုက်ရင်း....

'လွမ်းတယ်...ဖြူ'ပြောရင်းသူ့မျက်ဝန်းကမျက်ရည်များဟာလဲ
အထိန်းအကွပ်မဲ့စွာကျဆင်းလာသည်။ဖြူထွက်သွားတာသုံးနှစ်
တောင်ရှိခဲ့ပါပြီ....ဒါပေမယ့်...

'ကိုကို'

နောက်ပါးဆီမှ ညို့ ရဲ့ခေါ်သံ

'ညီမလေး ညို'

ညိုကလည်းမျက်နှာလေးညှိုးငယ်စွာနဲ့...

'ရောက်တာကြာပြီလား....ကိုကို'

'မကြာသေးဘူး ညို'

ညိုသည်လည်းပဲသူမအကြိုက်ဆုံးသောနှင်းဆီပန်းအဖြူရောင်
လေးနဲ့....သူနဲ့ညို ဒီနေရာလေးကို ဖြူ မွေးနေ့ရောက်တိုင်းလာပြီးနှုတ်ဆက်ဖြစ်တယ်။သေသောသူကြာရင်မေ့ဆိုတဲ့စကားက...တကယ်တော့လည်းထင်သလောက်မလွယ်ပါဘူး။
သူဖြူ့ကိုဘယ်အချိန်မှာမေ့သွားမလဲမသိပေမယ့်အခုထိတော့
မေ့လို့မရသေးဘူး။

'Happy birthdayပါမမ'

'သတိရတယ်'

ညို့ထံမှ အင့်ခနဲ ရှိုက်သံကြောင့် ညို့ရဲ့ပုခုံးလေးကိုခပ်ဖွဖွ
ပုတ်ပေးရင်း....အတန်ကြာတိတ်ဆိတ်သွားပြီးနောက်သူ့
ဘက်ကပဲစပြီးတော့...

'ကိုကိုတို့ပြန်ကြရအောင် ညီမလေး....'

'ဟုတ်ကဲ့'

သူနောက်ဆုံးအနေနဲ့စိတ်ထဲကနေ....ကိုယ်တို့ပြန်တော့မယ်
ဖြူ အေးအေးချမ်းချမ်းအနားယူပါ....ညို့အတွက်လဲစိတ်မပူပါနဲ့ညို့ကိုကိုယ့်ရဲ့ညီမလေးအရင်းလိုကိုစောင့်ရှောက်ပေးမှာပါ။

'သွားရအောင်....ကိုကို'

သူတို့နှစ်ယောက်ထွက်သွားပြီးနောက်....သစ်ပင်အကွယ်က
ကောင်လေးတစ်ယောက်ကိုတော့သူတို့သတိမထားမိခဲ့ပါဘူး။
ထိုကောင်လေးရဲ့ လက်ထဲမှာလဲ....

........................................................................

ဆက်လက်အားပေးကြပါဦးရှင့်

'သူမ'ဖန်ဆင်းသော''သူမ'ဖန်ဆင်းသော'Where stories live. Discover now