"အသေးလေး"
"ဗျာ"
ကျန်ရှိနေတဲ့ဘဝရဲ့မှတ်တိုင်တွေကို နှစ်ယောက်အတူလျှောက်လှမ်းကြဖို့ ရွေးချယ်မိကြပြီးပြီဆိုကတည်းက ဒေါက်တာသည် အိမ်ရဲ့ဆည်းလည်းလေးကို ကိုယ်စားပြုတဲ့ ချစ်စဖွယ်နာမ်စားလေးတွေ တစ်နေ့တစ်မျိုးမရိုးရအောင် ခေါ်တွင် လေ့ရှိသည်။ပြန်ထူးတဲ့အသံလေးကြားရင်လည်း မနောခွေ့ပြီးပြုံးရယ်နေတော့တာ။ ရိုးရိုးရှင်းရှင်းနာမ်စားလေးတွေကိုရေရွတ်တဲ့သူက ဒေါက်တာဖြစ်နေတော့ အလိုလို နေရင်းချစ်ဖို့ကောင်းနေတော့တာပါပဲ။
Yoongi တကယ်ပြန်သွားပြီးတဲ့နေ့ကစလို့ အိမ်ရဲ့မနက်စာပြင်ဆင်ရေး ကို ဒေါက်တာကတာဝန်ယူထားသည်။မနက်စာတော့ ကိုကိုပြင်ဆင်ပေးပါရစေဆို ကာ အတင်းခွင့်တောင်းလာသည်မို့ ခွင့်ပြုပေးရသည်။ Jiminဆီကခွင့်ပြုချက်ရ ပြီးသည်နှင့် အားလပ်သည့်အချိန်တွေမှာ Jiminအနားကပ်ပြီး ဟင်းချက်နည်း တွေကြိုးကြိုးစားစားသင်ယူနေတတ်တဲ့ ဒေါက်တာ့ကိုတွေ့ရမည်ဖြစ်သည်။
ဒီနေ့ကတော့ ကြက်သားဆန်ပြုတ်စားချင်တဲ့ပူဆာထားသဖြင့် Jimin အိပ်ရာကနိုးသည်နှင့် အငွေ့တထောင်းထောင်း ကြက်သားဆန်ပြုတ် ပန်းကန် လုံးလေးက စားပွဲထက်မှာ အဆင့်သင့်ရှိနေသည်။အသေးလေးဟူ၍ လှမ်းခေါ်ပြီး ဘာမှဆက်မပြောဘဲ ဆန်ပြုတ်သောက်နေသည်ကို ငေးကြည့်နေသဖြင့် သတိ ပေးရသည်။
"ပြောလေ..ဘာပြောမလို့လဲ"
"ဘယ်လိုနေလဲ၊ လက်ရည်တက်လာတယ်မလား"
"အတော်ဆုံးပဲ၊ဘာသင်ပေးပေး ခဏလေးနဲ့တတ်တယ်"
လက်မလေးထောင်ကာ ချီးကျူးစကားဆိုလိုက်သည်နှင့် ပါးပြင်ထက်သို့ ကျရောက်လာသည့် မရေတွက်နိုင်သော မနက်ခင်းရဲ့အနမ်းနုနုတွေ။ဆန်ပြုတ်တွေ အေးစက်ကုန်မှာစိုးသဖြင့် ဒေါက်တာ့နှုတ်ခမ်းပါးဆီ ဖြတ်ခနဲတစ်ချက်ပြန်နမ်းကာ တစ်နေ့တာရဲ့ အနမ်းဦးတွေကို လက်စသတ်ရသည်။
"ကိုကိုလေ"
"အင်း"
"ကျောင်းတုန်းကအချိန်ပိုင်းလုပ်တဲ့ဆိုင်က အစ်ကိုကပြန်ဆက်သွယ်လာ
YOU ARE READING
Unconditional Love
Fanfictionတစ်နေ့က ခေါင်မိုးထပ်အိမ်ခန်းငယ်ဆီကို ချစ်ခြင်းမေတ္တာတွေ မနိုင်မနင်းသယ်ပိုးထားတဲ့ လူလိမ်လေးတစ်ယောက် ရောက်လာခဲ့တယ်။