🍒 8 🍒

7.6K 1.1K 102
                                    

Unicode

"သူက လာနေခိုင်းတာနဲ့ပဲ မင်းကသွားနေမယ်ပေါ့"

"အင်း..အဲ့ဒါမှပဲ ပိုပြီးရင်းနှီးလာမှာ။ ပြီးတော့
ညက ကိုကို ဖုန်းလှမ်းဆက်တယ်"

"Yoongi Hyungလား"

"အင်း"

"ဘာပြောသေးလဲ"

"ငါစုံစမ်းခိုင်းထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့
ဘာတွေလျှောက်လုပ်နေတာလဲဆိုပြီးထပ်မေးတယ်"

"အဲ့တော့?"

"ဘာမှမလုပ်ဘူးပဲ ပြောရတာပေါ့။ ယုံမဲ့ပုံတော့
မပေါ်ပါဘူး၊ ဒါပေမဲ့ ဘာမှတော့ထပ်မမေးဘူး။
ပြီးတော့ SeokJin Hyung ဒီကို ပြန်လာမလား
မသိဘူးတဲ့"

"ဟမ်...သူက အဲ့မှာပဲ အလုပ်လုပ်ရဦးမှာမလား"

"မသိဘူး... ကိုကိုကတော့ ပြန်လာရင် အိမ်မှာ
နှစ်ယောက်အတူတူနေဖို့ ကြိုပြောထားတာလို့
ပြောတာပဲ။ သူနဲ့မနေချင်ပါဘူးဆို"

"ဦးလေးကလဲ ဘာမှမပြောဘူးထင်တယ်။
ကလေးတုန်းကကျတော့ ဂေဟာကကိစ္စတွေ
သတိမရစေချင်လို့ဆိုပြီး အတင်းခေါ်သွားတာ
ဆိုတော့"

"မသိဘူး.. ငါတော့ သေချင်တာပဲ။ အခုချက်ချင်း
ပြန်လာမှာတော့မဟုတ်ပေမဲ့ ငါစိတ်ရှုပ်တယ်။
Jungkookနဲ့ ဒီကြားထဲမှာ ပိုပြီးရင်းနှီးနေမှ၊
Jungkook ရှိတဲ့ဆေးရုံကိုသာ ရောက်လာလို့က
တော့ သေပြီပဲ။ အကုန်သိသွားတဲ့အခါကျရင်
ကိုကို ငါ့ကို အသေဆူမှာ"

"ဖိုးဖိုးဆို အမွေပါဖြတ်မှာ ဟီးဟီး...ဒါနဲ့ နေစမ်း
ပါဦး.. သူ့အိမ်က ခြင်ကိုက်လား?သူ့အခန်းအောက် ကလူတွေကရော ဘယ်လိုအခြေအနေရှိလဲ"

"ဟိုနေ့က ထိုင်နေတုန်းကတော့ မကိုက်ပါဘူး၊
အိမ်အောက်ကလူတွေတော့ ငါလဲမတွေ့မိဘူး"

"ဖြစ်ရောဖြစ်ပါ့မလားကွာ"

"သူလဲအမြဲမအားတော့ တစ်ပတ် သုံး လေးရက်
ပေါ့"

"အဲ့ဒါဆို ငါ့ဆီကိုရော ? မလာတော့ဘူးလား"

"မင်းဆီမှာ အလုပ်လုပ်နေတယ်ပြောထားတာ
မလာလို့ရမလားကွ"

"ဘာပဲပြောပြော သူများအိမ်မှာသွားနေရမှာ
တကယ်ရောအဆင်ပြေပါ့မလား။ မင်းပြောတော့
သူ့အခန်းက တော်တော်ကျဉ်းတယ်ဆို"

Unconditional LoveWhere stories live. Discover now