Unicode
လွမ်းဆွတ်တမ်းတခြင်းနှင့် အသားကျနေပြီဖြစ်
သော Jiminနှင့် ဆန့်ကျင်စွာပဲ ဆိုးလ်ကိုပြန်
ရောက်ထဲက တစ်နေ့ထက်တစ်နေ့ ရောဂါအခြေ
အနေ ပိုဆိုးလာသည့် ဒေါက်တာJungkookက
တော့ ဘယ်နေရာကိုကြည့်ကြည့် ထိုကလေး
ရဲ့ ပုံရိပ်လေးကိုပဲ ပြန်မြင်ယောင်မိကာ ဂေဟာ
မှာ ထိတွေ့ခဲ့ဖူးတဲ့ အထိအတွေ့တို့ကို သတိရ
နေမိသည်က အလုပ်ထဲမှာ အာရုံမစိုက်နိုင်သည်
အထိဖြစ်သည်။ ထိုကလေးရှိနေမည့်အိမ်လေးကို
အဝေးကနေငေးမောကြည့်ရသည်ကလဲဂေဟာ
ကပြန်ရောက်ပြီးတဲ့အချိန်ထဲကညစဉ်ညတိုင်း
ပြုလုပ်နေမိတဲ့ကိစ္စတစ်ခုဖြစ်သည်။အထင်မလွဲရက်ပေမဲ့ ကောင်လေးနဲ့TaeHyung
တို့နှစ်ယောက်က ဘယ်အခြေအနေထိရောက်
နေကြပြီလဲတွေးကာ စိုးရိမ်စိတ်ဖြင့် လန့်နိုးရ
သည့်ညတွေကလဲ မနည်းတော့ပေ။သူ့ထက်ကောင်းမွန်တဲ့ သူနဲ့ဆုံတွေ့ဖို့ထိုက်တန်ပါတယ်
ဆိုပြီးပြောခဲ့မိတာကလဲ အလိမ်အညာစကား
တစ်ခုသာဖြစ်သည်။ဖြစ်နိုင်ရင်ကောင်လေးကို
သူပဲ ပိုင်ဆိုင်ချင်တာ။ဒီနေ့လဲ ထုံးစံအတိုင်းသူ့ရဲ့ခြေလှမ်းတွေကို
ကောင်လေးတို့ ရပ်ကွက်ဆီသို့ ဦးတည်မိပြန်
သည်။ပူဆွေးသောကပေါင်းစုံဖြင့် ကားလမ်းမ
အတိုင်းလျှောက်လာမိရာမှ သူ့မျက်ဝန်းထဲ
ဝင်လာသည့် အရင်းနှီးဆုံးလူသားလေးရဲ့ပုံရိပ်
လေးကြောင့် သူ့ခြေလှမ်းတို့ကို ရပ်တန့်လိုက်
သည်။နာရီကို ငုံ့ကြည့်မိတော့ ည ၁၁နာရီကျော်ကျော်။
ဒီလောက် မိုးချုပ်နေတဲ့အချိန်မှာ ဘာထွက်လုပ်
တာပါလိမ့်။၂၄နာရီ ဆိုင်ထဲကနေ ထွက်လာတဲ့
ထိုကောင်လေးက လက်ထဲမှာ အထုပ်တစ်ခုကို
ဆွဲထားကာ Jungkookအရှေ့ ခပ်လှမ်းလှမ်းက
နေ လျှောက်နေလေသည်။ဆိုးလ်ရဲ့ဆောင်းတွင်း
အအေးဓာတ်ကို အံတုကာ ရှပ်လက်ရှည်လေး
တစ်ထည်သာ ဝတ်ထားသော ကောင်လေးက
ချမ်းလာတဲ့ပုံဖြင့် လက်ကလေးပိုက်ပြီး ခေါင်း
ငိုက်စိုက်ချကာ လျှောက်လှမ်းနေသည်။ပြီးနောက် သူ့ရဲ့အိမ်လေးရှိရာ လမ်းသွယ်လေး
ထဲ ချိုးကွေ့ဝင်သွားတော့ Jungkookလဲ ကောင်
လေးရဲ့ဦးတည်ရာအတိုင်း ထက်ကြပ်မကွာကွေ့
ဝင်လိုက်သည်။ လမ်းထဲမှာလဲလူရှင်းနေပြီးတော့
သူတို့နှစ်ယောက်ထဲသာရှိနေသည်။
YOU ARE READING
Unconditional Love
Fanfictionတစ်နေ့က ခေါင်မိုးထပ်အိမ်ခန်းငယ်ဆီကို ချစ်ခြင်းမေတ္တာတွေ မနိုင်မနင်းသယ်ပိုးထားတဲ့ လူလိမ်လေးတစ်ယောက် ရောက်လာခဲ့တယ်။