Unicode
တံခါးခေါက်သံနှင့်အတူ Jiminနှင့် TaeHyung၏
နာမည်တို့ကို အလှည့်ကျတကြော်ကြော် အော်
ခေါ်နေသည့် ကိုကို့အသံကြောင့် မနက်စောစော
ထပြန်ဖို့အထုပ်ပြင်နေရာမှ အခန်းတံခါးဖွင့်ပြီး
ထကြည့်မိခဲ့သည်။ SeokJin Hyungများ တစ်ခု
ခုဖြစ်လို့ သူ့ကိုအပြစ်ပြောဖို့ ရောက်လာကြပြန်
တာလားတွေးကာ စိုးထိတ်မိပေမဲ့ TaeHyung
ကလဲ အိပ်ပျော်နေပြီဖြစ်တာမို့ သူကိုယ်တိုင်ပဲ
ထကြည့်မိခြင်းဖြစ်သည်။အခန်းတံခါးဖွင့်လိုက်သည့်အချိန်တွင် ကိုကို
သာမက SeokJin Hyungရဲ့ လူကြီးကိုပါ တွေ့
လိုက်ရသဖြင့် SeokJin Hyungသက်သာသွားပြီ
လားဟု အရဲစွန့်ပြီးမေးကြည့်မိတော့ သက်သာ
သွားပြီဖြစ်ကြောင်း ကိုကို့ဘက်ကချက်ချင်း
အဖြေပြန်ပေးပေမဲ့ ကိုကို့ဘေးနားကလူကြီး
ကတော့Jimin ဘက်ကိုတစ်ချက်မကြည့်ဘဲ
အပေါ်မော့ကြည့်လိုက်၊အောက်ငုံ့ကြည့်လိုက်
နှင့် အကြည့်လွှဲနေခဲ့ရာမှ"စွပ်စွဲမိခဲ့တဲ့အတွက် တောင်းပန်ပါတယ်" ဟူ၍ တောင်းပန်စကားဆို သည်။သူတွေးထားခဲ့သည်နှင့် လွဲချော်နေခဲ့ပေမဲ့ ကိုကို့
အရှေ့မှာ အဆမတန်ထိတ်လန့်ခဲ့ရသည်မို့ ထို လူကြီး၏တောင်းပန်စကားကို "ရတယ်" လို့ပဲ ခပ်ပြတ်ပြတ်ခွန်းတုံ့ပြန်မိသည်။ပြီးနောက် သူတို့
ထွက်မသွားခင်မှာပင်အခန်းတံခါးပိတ်ကာ အရုပ်
ကြိုးပြတ်ထိုင်ချမိသည်။SeokJin Hyungရဲ့ လူ
ကြီးကိုလည်း သူအပြစ်မမြင်ချင်ပါဘူး။သို့ပေမဲ့ ဒီနေရာကိုဘယ်လိုအင်အားနဲ့အရဲစွန့်ပြီး လာခဲ့ရသလဲဆိုတာကို Jiminကိုယ်တိုင်ပဲ သိ
သည်။ဂေဟာဝင်းထဲ ရောက်တဲ့အချိန်ကစပြီး
ကိုကို့မျက်နှာကို မြင်ရရင် ကျေနပ်ပါပြီဆိုတဲ့
စိတ်နဲ့ အရာအားလုံးကို သည်းခံခဲ့သည်။မနက်
ထဲက တစ်မျိုးပြီးတစ်မျိုး ပြဿနာရှာချင်နေတဲ့
SeokJin Hyungရဲ့ လူကြီးကိုလဲ တစ်နေ့လုံး
သည်းခံခဲ့သည်။အပြစ်တင်ပြောဆိုချင်တယ်ဆိုရင်တောင် အဖြစ်
မှန်ကို အရင်သိအောင်လုပ်ရမှာမဟုတ်ဘူးလား။
သူ့ကိုအကျင့်မကောင်းတဲ့လူလို ဆက်ဆံခဲ့ပြီးမှ
လာတောင်းပန်တော့ရော သူ့ဘက်က ဘာများ
ပြန်ပြောနိုင်မှာလဲ။အရမ်းစိတ်ဆိုးပြီးဒေါသထွက်
နေပေမဲ့လဲ ဒီနေရာက သူ့အတွက် အမှားမခံတဲ့
နေရာဖြစ်နေတာမို့ သူ့ဘက်ကမှန်နေသော်လဲ ငြိမ်နေပေးရုံသာရှိသည်။တစ်ဖက်လူရဲ့ စိတ်ဒဏ်
ရာအတိမ်အနက်ကိုမသိဘဲ သူ့လူကိုပဲ စိုးရိမ်နေ
သည့် အဲ့ဒီဒေါက်တာက တော်တော်လေးကိုဆိုး
သွမ်းလှသည်။
YOU ARE READING
Unconditional Love
Fanfictionတစ်နေ့က ခေါင်မိုးထပ်အိမ်ခန်းငယ်ဆီကို ချစ်ခြင်းမေတ္တာတွေ မနိုင်မနင်းသယ်ပိုးထားတဲ့ လူလိမ်လေးတစ်ယောက် ရောက်လာခဲ့တယ်။