Unicode
TaeHyung တစ်ယောက် ဆေးရုံရှေ့က စား
သောက်ဆိုင်လေးထဲမှာ ထိုင်ရင်းJungkook
ကိုစောင့်နေမိသည်။နေ့လည်စာ စားချိန်မို့ ဆိုင်
အတွင်းမှာလဲ အတန်အသင့်စည်ကားနေလေ
သည်။မရှေးမနှောင်းမှာပဲ ဆိုင်ထဲကို Jungkook ဝင်လာသည်။Jiminခဏခဏအမွှမ်းတင်ခဲ့ဖူးသလိုပဲ Jung
kookကပိုက်ဆံမချမ်းသာရင်တောင်အဆင့်
အတန်းရှိပြီး စိတ်သဘောထားနူးညံ့သိမ်မွေ့တဲ့
မိသားစုက မွေးဖွားလာတာပဲဖြစ်မယ်ဆိုတဲ့စကားကိုတော့ သူထောက်ခံချင်သည်။ကျန်တာတွေကတော့ သူ့လူသူ ပိုပိုကဲကဲကြွားလုံးထုတ်နေတာမို့ သိပ်ပြီးမထောက်ခံချင်လှတယ်မဟုတ်
ဘူး။ထိုင်ခုံမှာ Jungkookဝင်ထိုင်လိုက်တော့ သူ့ဘက်ကပဲ အရင်နှုတ်ဆက်လိုက်သည်။
"ကျွန်တော့်ကို အချိန်ပေးတာကျေးဇူးတင်ပါ
တယ်""ပြောစရာရှိတယ်ဆို"
Jungkookကိုကြည့်ရတာ အလာပ သလာပတွေ
ပြောပြီး နှုတ်ခွန်းဆက်ချင်နေသည့်ပုံမပေါ်ဘဲ
TaeHyungဘက်က ခဏခဏဆက်သွယ်ခဲ့လို့
သာ ကိစ္စတစ်ခုပြီးပြတ်အောက် ရောက်လာပေး
တဲ့ပုံစံဖြစ်သည်မို့ လိုရင်းတိုရှင်းပြောမှပဲဖြစ်မည်။"ကျွန်တော် တောင်းပန်ပါတယ်"
"ဘာအတွက်လဲ"
"Jiminနဲ့ပတ်သက်ပြီး အရာအားလုံးအတွက်ပါ"
"TaeHyungက ဘာလို့လာတောင်းပန်နေရ
တာလဲ...။ဒါက ကျွန်တော်တို့ကိစ္စပါ""ဟိုးအစထဲက...Jiminဒီကိစ္စတွေကျူးလွန်ဖို့
အစပျိုးနေတဲ့အချိန်ထဲက ကျွန်တော်အကုန်လုံး
သိခဲ့တာမို့ပါ...။မှားမှန်းသိရက်နဲ့ Jiminကို ကျွန်
တော် မတားဆီးနိုင်ခဲ့ဘူးလေ""Jiminလွှတ်လိုက်တာလား"
"မဟုတ်ပါဘူး...။ Jungkookဘက်က စိတ်ဆိုး
သင့်ပါတယ်။ဒေါသလဲထွက်သင့်ပါတယ်။ဒါပေမဲ့ Jiminဘက်က ခင်ဗျားကိုတကယ်သဘောကျခဲ့
တာကိုတော့သိစေချင်လို့ပါ။ အမှန်အတိုင်း ဝန်ခံဖို့လဲ ခဏခဏကြိုးစားခဲ့တာ ကျွန်တော်အသိဆုံး
ပါ..."လက်ထဲမှာ ကိုင်ထားသည့် တစ်ရှူးစလေးကို
ဆုပ်ခြေနေရင်းက ဆိုင်အပြင်ဘက်ကို ခပ်ငေး
ငေးကြည့်ရင်းထိုင်နေပေမဲ့Jungkookရဲ့ စိတ်အာရုံကတော့ TaeHyungဆီမှာပဲ ရှိနေလေ
သည်...။
YOU ARE READING
Unconditional Love
Фанфикတစ်နေ့က ခေါင်မိုးထပ်အိမ်ခန်းငယ်ဆီကို ချစ်ခြင်းမေတ္တာတွေ မနိုင်မနင်းသယ်ပိုးထားတဲ့ လူလိမ်လေးတစ်ယောက် ရောက်လာခဲ့တယ်။