Unicode
"Tae Hyung ah..."
"ဟင်"
"ငါနဲ့ SeokJin Hyungနဲ့ဆို ဘယ်သူကပိုချစ်ဖို့
ကောင်းလဲဟင်""ငါ့လာမေးနေသေးတယ်"
ဆိုင်ရဲ့ တစ်လစာ ဝင်ငွေထွက်ငွေစာရင်းကို စစ်
ဆေးနေသည့် TaeHyung က Jiminဘက်ကို
မကြည့်ဘဲ အဖြေပြန်ပေးသည်။ ဒီနေ့ ပုံမှန်ထက်
စောပြီး ဆိုင်ပိတ်ထားသည်မို့ အလုပ်သမားတွေ
လဲအကုန်လုံး ပြန်ကုန်ကြပြီဖြစ်သည်။စားပွဲပေါ်မှာတင်ထားသည့် ချောကလက်ကိတ်
ကလဲ TaeHyungယူလာပေးတဲ့အတိုင်း အရာ
မယွင်းသေးပဲကျန်ရှိနေပြီး နွားနို့ပူပူတစ်ခွက်ရဲ့ အပူရှိန်ကတော့ တဖြည်းဖြည်းလျော့ကျလာခဲ့ပြီ။အညိုဖျော့ဖျော့မှန်သားပြင်ရဲ့ အပြင်ဘက်မှာ
သွားလာနေကြတဲ့ လမ်းသွားလမ်းလာများကို
အဓိပ္ပါယ်မဲ့စွာပဲ ငေးကြည့်နေမိပေမဲ့ သူ့ရင်ထဲ
မှာတော့ ဗလောင်ဆူနေလေသည်။ ကိုကိုက
သူ့ကိုပဲသဘောကျတာသေချာပေမဲ့ SeokJin Hyungနဲ့ တွေ့ပြီးလို့ SeokJin Hyungအပေါ် ခံ
စားချက်ရှိသွားခဲ့ရင်ရော ?လက်ပတ်ကြိုးလေး ပြန်ပေးခဲ့တဲ့နေ့တုန်းက
စိတ်လှုပ်ရှား ဝမ်းသာနေပုံရတဲ့ မျက်ဝန်းတောက်
တောက်လေးတွေရယ်...အသည်းလေးဆိုတဲ့
အသိနဲ့ ပြောင်းလဲသွားခဲ့တဲ့ ဆက်ဆံမှုတစ်ခုရယ်၊အခုချိန်ဆို SeokJin Hyungကိုရော စိတ်လှုပ်
ရှားနေတဲ့ အကြည့်မျိုးနဲ့ကြည့်နေမလား...ဒါမှ
မဟုတ် သတိရနေခဲ့ကြောင်းတွေ အများကြီး
ပြောပြီး အလွမ်းသယ်နေကြမလား...။အကျင့်
မကောင်းတဲ့ကောင်လေးတစ်ယောက်ကြောင့်
သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုလေး နောက်ကျ
နေခဲ့တာကိုပဲ နှမြောတသဖြစ်နေကြမလား။"အခုချိန်လောက်ဆို သူတို့တွေ့နေလောက်ပြီပေါ့"
"ဟင်... အင်းပေါ့"
"မင်းသူ့ကို အချိန်တော့ ပေးသင့်တယ်။သူအခု
လိုဖြစ်နေတာတွေကလဲ မင်းအပေါ်အရမ်းယုံ
ကြည်ထားခဲ့မိလို့ ဖြစ်နေတာမလား""ငါ စိတ်ပူနေတယ်... သူ SeokJin Hyungကို
သဘောကျသွားရင် ဘယ်လိုလုပ်မလဲဟင်။
SeokJin Hyungက သူချစ်တဲ့ အသည်းလေးအ
စစ်မလား"
YOU ARE READING
Unconditional Love
Fanfictionတစ်နေ့က ခေါင်မိုးထပ်အိမ်ခန်းငယ်ဆီကို ချစ်ခြင်းမေတ္တာတွေ မနိုင်မနင်းသယ်ပိုးထားတဲ့ လူလိမ်လေးတစ်ယောက် ရောက်လာခဲ့တယ်။