Unicode
ပလက်စတစ်အကြည်စလေးတွေ ပတ်ပတ်လည်
ကာရံထားသည့် လမ်းဘေးတဲဆိုင်လေးထဲမှာ
ကိုယ်မြတ်နိုးရသည့် တစ်စုံတစ်ယောက်နှင့်အတူ
ဆိုဂျူးသောက်ရင်း ၊ အမြည်းလေးစားရင်း ရောက်တတ်ရာရာ ပြောဆိုနေကြသည့်ပုံစံမျိုးကို
ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ ဘာကြောင့်
ခဏခဏထည့်ရိုက်ကြသလဲ ဆိုတာကို အခုမှပဲ
SeokJinတစ်ယောက် ကောင်းကောင်းသဘော
ပေါက်တော့သည်။လွတ်လပ်ပြီးတော့ ဘဝဆန်တယ်။ ချစ်ရတဲ့သူ
နဲ့အတူဆိုရင်တော့ တမျိုးကြည်နူးဖို့ကောင်းနေ
တယ် ပြောရမှာပေါ့။တိတ်ဆိတ်လွန်းလှတယ် မဟုတ်သော်လည်း
နံဘေး စားပွဲဝိုင်းတွေက ပျံ့လွင့်လာသည့် စကား
သံများကို လစ်လျူရှုကာ သူ့အရှေ့တည့်တည့်
က လူကြီးဆီမှာပဲ အာရုံတွေကိုစုစည်းထားလိုက်သည်။"ဒေါက်တာ"
"ဟင်"
"ခုနကလေ ကားမှတ်တိုင်မှာတုန်းက မိတ်ဆက်
ပေးတဲ့လူရဲ့ နာမည်က Jeon Jungkookလား""အင်း...ဘာလို့လဲ။ သိနေလို့လား"
"မဟုတ်ပါဘူး။ ငယ်ငယ်တုန်းက သိဖူးတဲ့လူ
တစ်ယောက်နာမည်နဲ့ဆင်နေလို့""ဟုတ်လား... ။ နာမည်တူတာလဲ ဖြစ်ချင်ဖြစ်
မှာပါ""သူက တော်တော်ချောတာပဲနော်"
SeokJinရဲ့ စကားကိုကြားတော့ NamJoonက
"ဘာချောလို့လဲ" ဟု ခပ်တိုးတိုးရေရွတ်ရင်း
ငှဲ့ထားပြီးသားဆိုဂျူးတစ်ခွက်ကို မော့လိုက်သည်။SeokJinက NamJoon နှင့်မျက်နှာချင်းဆိုင်ထိုင်
နေရာမှ သူထိုင်နေတဲ့ကော်ခုံလေးကို NamJoon
ဘေးနားသို့ မ,ရွှေ့လာကာ နေရာပြောင်းထိုင်
ပြီးနောက် NamJoonရဲ့ ပခုံးပေါ်ခေါင်းလေးစောင်းတင်ကာ"ကျွန်တော့်ဒေါက်တာလောက်တော့မချောပါဘူး"
SeokJinဟာ လူကောင်ကြီးက ထွားနေသ
လောက် တော်တော်အချွဲသန်တဲ့ ကောင်လေး
ဖြစ်သည်။ ဒီကိုရောက်နေတဲ့ ရက်ပိုင်းအတွင်း
အလုပ်မရှိတဲ့အချိန်မှန်သမျှ ထိုကောင်လေးနဲ့
ဖုန်းပြောတာရယ် ၊ ချိန်းတွေ့တာရယ်နဲ့ သူ့မှာ
လဲ အားလပ်တယ်ကိုမရှိ။
YOU ARE READING
Unconditional Love
Fanfictionတစ်နေ့က ခေါင်မိုးထပ်အိမ်ခန်းငယ်ဆီကို ချစ်ခြင်းမေတ္တာတွေ မနိုင်မနင်းသယ်ပိုးထားတဲ့ လူလိမ်လေးတစ်ယောက် ရောက်လာခဲ့တယ်။