Unicode
"ငါ့ပုံစံက လက်ထပ်ခွင့်တောင်းလိုက်တာနဲ့ ချက်
ချင်း အငြင်းခံရလောက်အောင်ပဲ ဆွဲဆောင်မှုမရှိ
ဘူးလား...TaeHyung ။ မင်း...ပြောကြည့်"TaeHyungရှေ့ကိုရောက်လာပြီး ဒီလိုအလားတူ
မေးခွန်းမျိုးမေးတာ ၆ ခါရှိပြီ။ Jungkookက သူ့
ကို ငြင်းလိုက်တယ်ဟူ၍ စိတ်မကောင်းဖြစ်နေ
သည်မို့ TaeHyungလဲ ဘယ်လို ဖျောင်းဖျပေးရ
မယ်မှန်းကို မသိတော့ပေ။ တိုင်းရင်းဆေးတွေ
လက်ဆောင်ပေးထားတဲ့ ဒေါက်တာ့ကိုလဲ အား
နာနေရသေးတော့ အရင်လိုမျိုး ပြတ်ပြတ်သား သား လုပ်ပစ်လိုက်ဟူ၍လဲ အကြံဉာဏ် မပေး
လိုက်နိုင်ဘူးလေ။"ငါက အဲ့လောက်တောင် ဆွဲဆောင်မှုမရှိဘူး
လား""ကိုယ့်လူအကြောင်း ကိုယ်သိသားနဲ့ကွာ။ သူက အားငယ်တတ်တော့ လူကြီးတွေ သဘောမတူမှာ
စိုးရိမ်နေတာဖြစ်မှာပေါ့""အဲ့ဒါကြောင့်ပြောတာလေ...လူကြီးတွေက
သဘောတူတူ မတူတူ ငါပြောတာကိုတော့
နားထောင်ပေးရမှာပေါ့။ အခုက ဘာဖြစ်မယ်မှန်း
မသိသေးဘူး ငါ့ကို အရင်ငြင်းလိုက်တယ်။အခုထိ
လဲ ဖုန်းမဆက်ဘူး""မင်းကလဲ ဆန္ဒမစောလွန်းဘူးလားကွာ... ပြန်
ခေါ်ကြတာမှ တစ်ပတ်တောင်မပြည့်သေးတာ
ကို""နောက်လဲ လက်ထပ်ကြမှာပဲကို... ငါ့ကို လက်
ထပ်ဖို့အထိ မရည်ရွယ်ထားလို့နေမှာ"မဲ့ကျသွားသည့်မျက်နှာနှင့်အတူ မျက်တောင်
တို့ကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း TaeHyung
ဘေးနားမှာ ဝင်ထိုင်သည်။ တကယ်ဆို Tae
Hyungကတောင် ပိုပြီးအံ့သြနေရသေးတာလေ။
မနေ့ကပဲ သူတို့နှစ်ယောက်ပြန်အဆင်ပြေတာကို
သိရတယ်။ တအောင့်ကြာတော့ လက်ထပ်ခွင့်
တောင်းမိပြီး စိတ်ဆိုးကြတယ်ဟူ၍ ဖုန်းဆက်
ပြီး ရင်ဖွင့်လာသဖြင့် သူ့မှာပါးစပ်အဟောင်းသား
နှင့် အံ့သြဘနန်းဖြစ်နေခဲ့ရသည်။အချွန်နဲ့မ ချင်တာမျိုးတော့ မဟုတ်ပေမဲ့ Jimin
ကို စ ချင်စိတ်လေးပေါ်လာတာမို့ အကြံတစ်ခု
ပေးကြည့်လိုက်သည်။ အရမ်း ဆိုးဝါးလှတဲ့
အကြံတော့မဟုတ်ပေမဲ့ အပြောင်းအလဲလေး
တော့ ဖြစ်သွားတာပေါ့...။
YOU ARE READING
Unconditional Love
Fanfictionတစ်နေ့က ခေါင်မိုးထပ်အိမ်ခန်းငယ်ဆီကို ချစ်ခြင်းမေတ္တာတွေ မနိုင်မနင်းသယ်ပိုးထားတဲ့ လူလိမ်လေးတစ်ယောက် ရောက်လာခဲ့တယ်။